ရွှေတွံတေးရဲ့ ပညာဒါနခရီး

Wednesday, February 6, 2013


 ၂၀၁၃ ခုနှစ်ဇန္န၀ါရီ လကုန်ပိုင်းတွင် ရွှေတွံတေးဆရာတော်ဟာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များသို့ သွားရောက်ပြီး ကလေးငယ်များကို အာဟာရကျွေးမွေးပြီးအလှူငွေပေးအပ်ခဲ့ပါတယ်။ ဖျာပုံ ကျုံကူ ဘ/က ကျောင်း - ကဒုံကနိဘ/က ကျောင်းများတို့သွားရောက်လှူဒါန်းပြီး ကချင်ပူတာအို ဘ/ကကျောင်း တို့ ကိုလည်း လှူဒါန်းခဲ့ပါတယ်။ 

ရန်ကုန်ကွမ်းခြံကုန်းဘ/က ကျောင်း ဆင်ခြံ ဘ/က ကျောင်း ၀ါးဘလောက် သောက်ဘ/က ကျောင်း မနောရမ္မ ဘ/က ကျောင်း များကိုလည်း လှူဒါန်းခဲ့ဘူးပါတယ်။ 

ရွှေတွံတေးဆရာတော်က..............“ ရှေးမြန်မာမင်းတွေ လက်ထက်ကတည်း ကဘုန်းတော်ကြီးသင် ပညာရေးစနစ်ရှိခဲ့တာပါ- ကိုလိုနီခေတ် ရောက်တော့လည်း အစိုးရကျောင်းတွေရှိလာပေမယ့် လူမျိုးရေး - ဘာသာရေး - နိုင်ငံရေး ပယောဂ တွေရှိနေလို့  အမျိုးသားကျောင်းနဲ့ ဘ/က ကျောင်းတွေရှိခဲ့ရပြန်တယ်- စစ်အစိုးရခေတ်မှာလည်း ကာကွယ်ရေး စစ်အသုံးစရိတ်တွေများပြီး ပညာရေးဘတ်ဂျက် အားနည်းခဲ့ တာ  
ကြောင့် ကျောင်းပညာရေးစနစ် အဆင်မပြေခဲ့ဘူး လူနည်းစုက နိုင်ငံခြားမှာပညာသင်ကြတယ်၊ လူလတ် တန်းစားက ကျောင်း ပညာရေးကိုပဲ မပြည့် မစုံသင်ကြရတယ်။

အခြေခံအများစုကတော့ ပညာသင်ကြားရဖို့ အတွက် ဘုန်းကြီး ကျောင်းတွေကို အားကိုးလာရပြန်တယ် ပရိဟတ အခြေခံရှိတဲ့ဆရာတော် သံဃတော် ရဟန်းတော် တွေလည်း အခြေအနေ ကတောင်းဆိုနေတဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပြီး ဘ/ကကျောင်းတွေကြိုးစားပေးခဲ့ကြတယ် ဒါကြောင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကိုယ်ထူကိုယ်ထကျောင်းတွေကို တတ်နိုင်သလောက် ၀ိုင်းကူပေးကြပါ အနှောင့် အယှက်တွေ မဖြစ်စေပဲ တိုင်းပြည်အတွက်တတောင့်တနေရာ ပါဝင်တာကို ကျေနပ်ဝမ်းမြောက် မုဒိတာ ပွါးနိုင်ကြပါစေ.’’............ လို့ မိန့် ကြားခဲ့ပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved