မူဆယ် လ၀က ထောက်ခံစာကြေး တောင်းနေဟု ဆို

Wednesday, February 6, 2013

ပေးစာကဏ္ဍဖြစ်ပါတယ်။ ဧရာဝတီကို ပေးပို့လာတဲ့ စာတစောင်ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

~~ မူဆယ်မြို့နယ် လ၀ကရုံးမှ ထောက်ခံစာ ထုတ်ပေးသည့် လ၀က အရာရှိသည် နိုင်ငံကူး စာအုပ်အနီ 
ပြုလုပ်ရန်အတွက် ထောက်ခံစာများထုတ်ပေးရပါသည်။ 


 ၎င်းစာအုပ်အနီပြုလုပ်ရန်အတွက် မူဆယ်မြို့နှင့်အနီးတစ်ဝိုက်ရှိမြို့နယ်၊ ကျေးရွာများမှပြည်သူများသည် မူဆယ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးတွင် ထောက်ခံစာများသွားရောက်ယူရပါသည်။ 

ယခင်က ထောက်ခံစာကြေး ၅၀၀ ကျပ်သာပေးဆောင်ရသော်လည်း ယခင်လအနည်းငယ် က ဒေသခံ 
ပြည်သူများ၏ တိုင်တန်းမှုကြောင့် နောက်ပိုင်းထောက်ခံစာကြေးပေးဆောင်ရခြင်းမရှိတော့ပါ။ 

ယခုအခါ ထောက်ခံစာကြေးကို ငွေကျပ်(၂၀၀၀)ပေးဆောင်နေရကြောင်းနှင့် မပေးဆောင်သည့်ပြည်သူများ ကို ထောက်ခံစာထုတ်ပေးခြင်းမရှိကြောင်းခြင်း အချိန်ကြန့်ကြာအောင်ပြုလုပ်ခြင်း၊ နောက်တစ်နေ့ချိန်းခြင်း၊ မပြည့်စုံဟုပြောပြီး လုပ်ပိုင်ခွင့်အာဏာကိုအလွဲသုံးစားပြု၍ ငွေညစ်ခြင်းများ စသည့်မလိုလားအပ်သော လုပ်ဆောင်မှုများကိုပြုလုပ်နေပါသည်။ 

မိမိကဲ့သို့ထောက်ခံစာသွားရောက်ယူသူများကိုလည်း “ငွေ ၂ ထောင် မပေးရင် ထောက်ခံစာလာ မလုပ်နဲ့၊ ဈေးမဆစ်နဲ့ ၊ ၁ ထောင် လည်းမရဘူး ၊ မလုပ်ချင်ပြန် ” ဟု မောက်မာရိုင်းစိုင်းစွာပြောပါသည်။ 

ယခုအခါ နိုင်ငံတော်အစိုးရမှ သန့်ရှင်းကောင်းမွန်သောအစိုးရတစ်ရပ်ဖြစ်အောင် ကြိုးစားဆောင်ရွက် 
နေစဉ်တွင် ယခုကဲ့သို့ မောက်မာရိုင်းစိုင်းသောဝန်ထမ်း များကြောင့် ၀န်ထမ်းအများစုအပြောခံ ရခြင်းဖြစ်ပါသည်။ 

ထို့ကြောင့် မူဆယ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံး မှထောက်ခံစာထုတ်ပေးသော လ၀က အရာရှိအား အရေးယူပေးနိုင်ပါရန် ဧရာဝတီသတင်းဌာနမှတဆင့် တင်ပြအပ်ပါသည်။

1 comments :

  1. Anonymous said... :

    တောင်းမှာပေါ့ဗျာ၊ ဒီနေရာရဘို့လေလံဆွဲကြရတဲ့အပြင် လစဉ်အဆင့်ဆင့်ခွဲတမ်းတွေက ရှိနေသေးတော့ဘယ်လိုလုပ်မလဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved