ကမ္ဘာ့ ငြိမ်းချမ်းရေး ခေါင်းလောင်း လှူဒါန်းပွဲနဲ့ ရွှေတွံတေး

Monday, February 11, 2013


 ဘုန်းတော်ကြီး တာ့ဟန်တပ်ကူ က ရွှေတိဂုံဘုရားသို့ ကမ္ဘာ့  ငြိမ်းချမ်းရေး   ခေါင်းလောင်းကြီးကို  
ဖေဖော်ဝါရီလ ၉ ရက် နေ့တွင်လှူဒါန်းခဲ့ပါတယ်။ အလှူပွဲကို ရွှေတိဂုံ အနောက်ဘက် မုခ်တွင်ကျင်းပ ရာ  
နိုင်ငံတော် သြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် ဥက္ကဌ ဗန်းမော် ဆရာတော်ကြီးနှင့် ဆရာတော် များကြွရောက်ခဲ့ကြပါတယ်။ 

ကမ္ဘာ့ ငြိမ်းချမ်းရေးခေါင်းလောင်းတော်ကြီးသည် တန်ဘိုးငွေ ကျပ်သိန်း ၂,၀၀၀ ကျော်ရှိပြီ ကမ္ဘာအနှံ့  
နေရာ  ၄၀ ကျော်တွင်အသီးသီး လှူဒါန်းခဲ့ပြီပြီးလည်းဖြစ်ပါတယ်။ နိုင်ငံခြားတွင် သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး ၁ခါတီးခတ် လျှင် ၄-၅ မိနစ်ခန့် အသံသာသာ ဆက်တိုက် မြည်နေတတ်သဖြင့် ထူးခြား ကြည်ညို ဖွယ်ဖြစ်ပါတယ်။ 

 ရွှေတွံတေးဆရာတော်က ....... “အခုလို ကမ္ဘာ ငြိမ်းချမ်းရေးခေါင်းလောင်းကြီးကို ရွှေတိဂုံဘုရားကြီးမှာ လှူဒါန်း တာအလွန်ကောင်းပါတယ် ငြိမ်းချမ်းရေးခေါင်းလောင်းသံတွေ မပြတ်မြည်နေနိုင် ပါစေ မြန်မာပြည် ကြီးလည်း ငြိမ်းချမ်းပါစေ ကမ္ဘာကြီးလည်းငြိမ်းချမ်းပါစေလို့  ဆန္ဒပြုပါတယ် ’’...ဟုပြောကြားခဲ့ပါတယ်။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved