ဒိန်းမတ်ဘီယာ Carlsberg မြန်မာပြည်မှာ စက်ရုံထောင်မည်

Saturday, February 2, 2013




ဘီယာ စက်ရုံထောင်ပြီး မြန်မာပြည် ဈေးကွက်တွင် ဖြန့်ချိ ရောင်းချသွားဖို့ ကမ္ဘာ့စတုတ္ထ အကြီးဆုံး ဘီယာ ကုမ္ပဏီ Carlsberg နှင့် "ပက်စီ"ဦးသိန်းထွန်းပိုင် Myanmar Golden Star Breweries တို့ သဘောတူညီ ခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ 


Carlsberg က ၅၁ ရာခိုင်နှုန်းနှင့် Myanmar Golden Star Breweries က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်မှာဖြစ် ပါတယ်။ 

Carlsberg အနေနဲ့ အနောက်ဥရောပနှင့် အခိုင်အမာဖြစ်ပြီး ဈေးကွက်များတွင် အရောင်းကျလာပြီး ပေါ် ထွန်းစ ဈေးကွက်များသို့ ဦးလှည့်လိုသောကြောင့်ဟု သတင်းကဆိုပါတယ်။  Carlsberg ဟာ တရုတ်နှင့် ဗီယက်နမ်တွင်လည်း ရင်းနှီးမြှုပ်နှံထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved