Facebook လည်း အဟက်ခံလိုက်ရ

Monday, February 18, 2013





ထင်ရှားသည့် ၀က်ဆိုက်များ ဖောက်ထွင်းခံနေရချိန်တွင် Facebook လည်း အဟက်ခံလိုက်ရကြောင်း သိရှိရသည်။

သို့သော်လည်း လျှို့ဝှက်ထိန်းသိမ်းရမည့် အချက်အလက်များ ခိုးယူခံရခြင်း မရှိကြောင်း သောကြာနေ့က Facebook ဘလော့တွင် ရေးသားထားသည်ကို တွေ့ရှိရသည်။

Facebook ၀န်ထမ်းတချို့ အင်တာနက်စာမျက်နှာတခုကို ကြည့်ရှုကြပြီး နောက်ပိုင်း ထိုသို့သော ဖောက်ထွင်းမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကယ်လီဖိုးနီးယားအခြေစိုက်  Facebook ကုမဏီရုံးချုပ်ရှိ ကွန်ပြူတာများကို ထိုသို့ အင်တာနက်မှ ဖောက်ထွင်းမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဟက်ကာ မည်သူဖြစ်သည်ဆိုသည်ကိုမူ ကြေညာချက်တွင် ဖော်ပြထားခြင်း မရှိပေ။

အဆိုပါ တိုက်ခိုက်မှုအတွက် Facebook  က အမေရိကန်ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ FBI နှင့် ပူးပေါင်းဆောင်ရွက် စုံစမ်းစစ်ဆေးနေသည်ဟု ဆန်ဖရန်စစ္စကိုခရော်နစ်ကယ် သတင်းစာတွင် ရေးထားသည်။

အထင်ကရ ၀က်ဆိုက် တခုဖြစ်သော တွစ်တာ/Twitter  လည်း ဖောက်ထွင်းခံခဲ့ရကြောင်း ယခု လဆန်းပိုင်းတွင် သတင်း ထွက်ပေါ်ခဲ့သည်။

မကြာသေးခင်ကလည်း ထင်ရှားသည့် စာနယ်ဇင်းများဖြစ်သည့် New York Times နှင့် Wall Street Journal တို့လည်း တိုက်ခိုက်ခံခဲ့ရသည်။ တရုတ်သမတ ၀မ်ကြားပေါင်ကို ဝေဖန်ရေးသားမှုကြောင့် တရုတ်ဟက်ကာတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆနေကြသည်။

မိုးမခ http://moemaka.com/ ကနေ ကူးယူ ဖော်ပြပါတယ်။








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved