ရုရှားသမ္မတရဲ့ ဇိမ်ခံကား

Friday, March 1, 2013


အရင်က စီးတာပါ။ အခုနောက်တိုင်း သမ္မတပူ တင်တစ်ယောက် Mercedes Benz ကားတွေ ပဲ ပြန်စီးနေတယ်လို့ ဆိုပါတယ်။
သို့ပေမယ့် ယနေ့အချိန်ထိ အသုံးပြုနေဆဲ ဖြစ်ပါတယ်။

Zil ဆိုတာ ၁၉၁၆ ခုနှစ်ကစလို့ ရုရှားနိုင်ငံက အစိုးရ အတွက် မော်တော်ယာဉ် သီးသန့်ထုတ်လုပ်ပေးနေတဲ့ ကုမ္မဏီ ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်အထိ သမ္မတစီးတဲ့ ဇိမ်ခံကားများ ထုတ်လုပ်ပေးပြီး နောက်ပိုင်းကျတော့ စစ်သုံး မော်တော်ယာဉ်တွေပဲ ထုတ်လုပ်ပါတော့တယ်။
ဘာကြောင့်လဲဆိုတာကိုတော့ မပြောပါဘူး။
သို့ပေမယ့် ရုရှား အစိုးရအဖွဲ့အနေနဲ့ ယနေ့အချိန်ထိ သူထုတ်ပေးတဲ့ ယာဉ်များကို အသုံးပြုနေဆဲလို့ ဆိုပါတယ်။



သမ္မတ ပူတင်တစ်ယောက်လည်း Mercedes Benz စီးချင်ပုံမရတဲ့ မျက်နှာပေးတဲ့ အခမ်းအနားတွေ လာတယ်လို့တောင် မီဒီယာတို့က ဖွထားပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် သမ္မတ တစ်ယောက် အနေနဲ့ ကတော့ ပြည်တွင်းဖြစ်ကို အားပေးချင်တာတော့ အမှန်ပါပဲ။
ဒါကြောင့်မို့ ၂၀၁၅ မတိုင်မှီမှာ Zil မှ သမ္မတ မော်တော်ယာဉ်များ ဆက်လက်ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ယနေ့အချိန်အထိ အသုံးပြုဆဲ ဖြစ်တဲ့ ရုရှား Zil Limo ကိုမိတ်ဆက်ပေးလိုက်ရပါတယ်။

အင်ဂျင်အရွယ်အစား - ၇၇၀၀ စီစီ
ဆလင်ဒါ - ၈လုံးပူး V အင်ဂျင်

မြင်းကောင်ရေအား - ၄၀၀ hp
Max. Speed - တစ်နာရီ ကီလိုမီတာ ၂၀၀
အလေးချိန် - ၄ တန်

အလေးချိန် များရခြင်းက ဒီလိုပါ။ လုံခြုံရေးကို အဓိက ဦးစားပေးတဲ့ကား ဖြစ်ပါတယ်။
ဒါကြောင့် ကားပတ်ပတ်လည်မှာ ခြံရံထားတဲ့ လုံခြုံရေး ပစ္စည်း၊ သတ္တုတွေနဲ့တင် အလေးချိန် တော်တော်များနေရခြင်း ဖြစ်ပါတယ်။

အင်ဂျင်ပါဝါကြီးပြီး၊ ဆီလည်းတော်တော်စား တဲ့ကား လို့ဆိုပါတယ်။




ရှေ့ ခန်းမှာ ဒရိုင်ဘာနဲ့ လုံခြုံရေး ကိုယ်ရံတော် တစ်ဦး အတွက် နေရာရှိပြီး၊ နောက်ခန်းမှာ ရုံးခန်းတစ်ခုလို ပြုလုပ်ပေးထားပါတယ်။
 ဒီတစ်ချက်မှာ အမေရိကန် သမ္မတ အိုဘားမား ကားနဲ့ ကွာသွားခြင်း ဖြစ်ပါတယ်။
 လေးဘက်လေးရံ ဆိုဖာခုံများ ခင်းကျင်းထားပြီး အယ်မှာ စားပွဲခင်းနိုင်ပါတယ်။

ဇိမ်ခံကား တစ်စီးအတွက် လိုအပ်တဲ့ ပစ္စည်းများ စုံစုံလင်လင် ပါရှိပြီး အိုဘားမားစီးတဲ့ ကားလိုပဲ သမ္မတ အရေးအကြောင်း တစ်ခုခု ကြုံတဲ့အခါ ဆက်သွယ်လို့ရမယ့် စနစ်တွေ၊ လမ်းကြောင်းတွေ၊ အပိုပစ္စည်းတွေ၊ သွေးအိတ်တွေ အစရှိသဖြင့် လုံလုံလောက်လောက် ပါရှိပါတယ်။



၁၉၉၁ ခုနှစ်ကတည်းက ထုတ်တယ်ဆိုလို့ မော်ဒယ် နိမ့်သွားမယ် မထင်ပါနဲ့။
လစဉ် ပြင်ဆင်မှုများ၊ စစ်ဆေးမှု များ အမြဲပြုလုပ်လို့ အမြဲအသစ်ဖြစ်နေတဲ့ ကားဖြစ်ပါတယ်။ LCD တီဗီများလည်း ပါရှိပါတယ်။
အော်တိုဂီယာ စနစ်သုံး ကားဖြစ်ပါကတယ်။

ဒါတွေက သာမန် အပြင်ပန်းက ကြည့်ပြီး သိရတဲ့ အချက်တွေပါ။
 Zil ကုမ္မဏီကိုယ်တိုင် မထုတ်ဖော် မပြောကြားတဲ့ နည်းပညာနဲ့ လက်နက်တွေလည်း ပါရှိနေပါသေးတယ်။
ကားမှန်ဆိုရင် အေကေ စက်သေနတ် နဲ့ ပစ်တောင် မကွဲပါဘူး။ တော်ရုံ မြေမြှုပ်ဗုံးလောက် ကတော့ ကားအောက်ပိုင်းက ခံနိုင်ရည် ရှိပါတယ်။
ကားပေါ်မှာ ကပ်ဗုံး၊ ချိန်ကိုက်ဗုံး ပါမပါကို အမြဲအာရုံ ခံပေးမယ့် နည်းပညာနဲ့ စက်ပစ္စည်းများလည်း စုံစုံလင်လင် ပါရှိနေပါသေးတယ်။


၁၉၉၁ ခုနှစ်ကထုတ်ပြီး ယနေ့တိုင် နှစ်စဉ် ပြင်ဆင်၊တပ် ဆင်နေတဲ့အတွက် သူ့တန်ဖိုးက အမေရိကန်ဒေါ်လာ သန်းနဲ့ချီနိုင်ပါတယ်။
 ပြင်လို့ရတာတွေ ပြင်လို့ရပေမယ့် ဘော်ဒီတစ်ခုလုံးချွတ်လှဲဖို့ကျတော့ နည်းတဲ့ အသုံးစရိတ် မဟုတ်ပါဘူး။
ယင်းအသုံးစရိတ်အစား အသစ်ဆောက်မယ့် ကားနေရာမှာ ရင်းနှီးမြှုပ်နှံလိုက်ရင် ဘာပဲ ဖြစ်ဖြစ် ပိုကောင်း၊ ဒီဇိုင်းပိုလှမယ့်ကား ရလာမှာဆိုတော့ သမ္မတ ပူတင်တစ်ယောက် မာစီဒီးကို ဦးစားပေး အသုံးပြုနေ ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။



မာစီဒီးပေမယ့် ဝယ်ထားတဲ့ ပလိန်းလီမို မဟုတ်ပါဘူး။
သမ္မတအတွက် ဖြစ်တဲ့အတွက် လုံခြုံရေးအထပ်ထပ် တိုးမြင့်ထားပါသေးတယ်။
သို့ပေမယ့် Zil ရဲ့  Limo ကတော့ နိုင်ငံ့အမှတ်တံဆိပ်ကားလည်း ဖြစ်ပြီး ရုရှားအစိုးရတို့ မျော်လင့်နေတဲ့ မျိုးဆက်လည်း ဖြစ်ကြောင်း သိရပါတယ်။

Ref: zil
http://www.colayonline.com.mm ကနေ ကူးယူ ဖော်ပြပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved