တပ်မတော်နေ့ကို ဂုဏ်ပြုတဲ့ ၁ မိုင်လမ်း ဖွင့်ပွဲ

Monday, March 25, 2013

၆၈ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် လားရှိုးမြို့နယ် နားမွန်းကျေးရွာ အ၀င် လမ်း ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၃ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ်။ 


အရှည်အားဖြင့် ၁ မိုင် ၊ ပေအားဖြင့် ၅၂၈၀ ပေ ရှည်လျားတဲ့ ကျောက်ချောလမ်းကို မြို့တော် စည်ပင် သာယာရေးအဖွဲ့က ငွေ ၂၁၂သိန်း အကုန်အကျခံပြီး တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။ 

လားရှိုးလမ်းမကြီးကနေ နားမွန်းကျေးရွာထဲကို သွားမယ့် အ၀င်လမ်းကို ယခင် မြေသားလမ်းကနေ ယခု ကျောက်ချောလမ်းအဖြင့် ပြောင်းလဲပေးတာဖြစ်တယ်လို့ လားရှိုးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အရာရှိတဦးဖြစ်တဲ့ ဦးသက်ပိုင်က ဧရာဝတီကို ပြောပြပါတယ်။ 

လမ်းဖွင့်ပွဲ အခမ်းအနားကို လားရှိုးမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး နဲ့ လွှတ်တော်ကိုယ်စားလှယ်များ တွဲဖက် 
ပြည်နယ်ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ NGO အဖွဲ့အစည်းများ မြို့မိမြို့ဖများနဲ့ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ပါတယ်။ 

 ဓာတ်ပုံ- အဲမလီ (ဧရာဝတီ)




အဲမလီ ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved