မှားယွင်းမှု

Monday, March 25, 2013

လူတိုင်း အမှားမကင်း ပါဘူး။ လူ ဆိုကတည်းက မှားတတ်တဲ့ သတ္တ၀ါဖြစ်လာကြတာပါ။ ဒါပေမယ့် ပြင်လို့ ရတဲ့အမှားနဲ့ ပြင်လို့ မရတဲ့ အမှားဆိုတာတော့ ကွဲလွဲ ပါတယ်။ တချို့အမှားက အသက်၊ ဘ၀ တွေ ပေး လိုက်ကြရတတ်ပါတယ်။ ဒီလို အမှားမျိုး မဖြစ်စေဖို့ အတွက် ဒီပို့စ်လေးကို ရေးဖြစ်တာပါ။



ဒီကနေ့ မနက် သတင်းစာဖတ်နေတုံး ကြေးမုံသတင်းစာမှာ သတင်းတပုဒ်က စိတ်မကောင်းစရာပါ။ 
အရက်နဲ့ ဓာတ်မြေသြဇာနဲ့ မှားသောက်မိလို့ အသက်ဆုံးရှုံးသွားရတဲ့ သတင်းတခုပါ။

ဖြစ်စဉ်ကတော့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ ငါးဆူတောင်ကျေးရွာမှာပါ။ အသက် ၂၉ နှစ်သာ ရှိသေး တဲ့ လူသားတဦးဟာ အရွက်ဖျန်းတဲ့ ဓာတ်မြေသြဇာကို အရက်အမှတ်နဲ့ သောက်မိရာက အသက်ဆုံးရှုံး သွား ခဲ့ရတဲ့အဖြစ်။ ဒီမှားယွင်းမှုအတွက် ပြင်ဆင်ဖို့ အချိန်မရလိုက်ဘူး။






တသက်ပေးလိုက်ရတဲ့ အဖြစ်ဆိုးလို့ ပြောလို့ ရသလို စဉ်းစားစရာတွေ တပုံကြီး ပေးတဲ့ ဖြစ်ရပ်တခုပါ။ သတိ အတွက် သင်ခန်းစာတခုလည်း ဖြစ်ပါတယ်။  တပါးသူ အမှားကို မြင်ပြီး ကိုယ့်မမှားအောင် သင်ခန်းစာယူတတ်သူအတွက် လောကဟာ နေထိုက်ပါတယ်။

ဒါပေမယ့် ကိုယ့်အမှားကို ကိုယ်တိုင် မမြင် မသိလိုက်နိုင်သူတွေအတွက်တော့ လောကဟာ အဓိပ္ပာယ် မဲ့သွားစေတတ်တယ်။

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved