ကြွင်းကျန်ရစ်သော ရုပ်အလောင်း ကို မြန်မာစစ်ကောင်စစ်ဝန်ရုံးသို့  ပေးပို့ မည်ဟု သတင်းများ မှာ ဖေါ်ပြ
နေ ကြပါပြီ ။
ဤအချက်နှစ်ချက်ကို မြန်မာနိုင်ငံသားဖြစ်သော ကျွန်တော်သည် လက်မခံ။ သို့ အတူ မြန်မာနိုင်ငံသား တို့ အနေဖြင့် လက်သင့်မခံသင့် ။
ထို့ ကြောင့်ကျွန်တော်တို့ သည် မြန်မာအစိုးရကို မေတ္တာရပ်ခံရပေတော့မည်ဖြစ်သည် ။ အဘယ့်ကြောင့် ဆိုသော် မြန်မာနိုင်ငံသားတဦးကို ရာဇ၀တ်ပြစ်မှုအရ ဆေးထိုးသတ်ပြီး အလောင်းကိုပြန်ပို့ မည် ဆိုခြင်း မှာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို လုံးဝပျက်ပြားနေနိုင်သောအချက်ဖြစ်သည် ။
မည်သည့်နိုင်ငံမဆို သူ၏ နိုင်ငံသားတဦးကို အခြားနိုင်ငံတခုခုမှ ပြစ်မှုဆိုင်ရာ တွေ့ ရှိသည့်တိုင်အောင် သူ၏ မိခင်နိုင်ငံသို့  ပြန်လည်ပေးပို့ ရသည် ။
သံခင်းတမန်ခင်းအရ ၄င်းပြသနာကို အကျဉ်းသားဖလှယ်ခြင်း ၊ နယ်နှင်ဒဏ်ပေးခြင်း နှင့် အမည်ပျက် သတ်မှတ်ပြီး နိုင်ငံမှ နှင်ထုတ်ခြင်းစသည့် အချက်အလက်များဖြင့် ဆောင်ရွက်ရသည် ။
မြန်မာနိုင်ငံသည် မည်သည့်အကြိမ်ကမျှ အခြားနိုင်ငံသား တဦးဦးကို သေဒဏ်ပေးခြင်း၊ ဆေးထိုး သတ်ခြင်း တို့ ကို ပြုလုပ်ခဲ့ခြင်း မှတ်တမ်းမှတ်ရာ မရှိခဲ့ဟု ထင်သည် ။
အခြားသူများက လေ့လာတွေ့ ရှိသည်ဟု ဆိုလျှင်လည်း ကျွန်တော့်အား အပြစ်တင် ပြောဆိုနိုင်သည် ။ ကျွန်တော်ကမူ မှတ်တမ်းမှတ်ရာများကို မတွေ့ ဖူးသေးချေ ။
၁၉၄၇-ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းတို့  လုပ်ကြံခံရစဉ်က ဂဋ္ဌုန်ဦးစောကို လက်နက်ထုတ်ပေးသူများ ရှိသည်။ လုပ်ကြံရန် လက်ထောက်ချသူများ ရှိသည်ဟု သမိုင်းမှာ အတိအလင်း ရှိနေဆဲဖြစ်သည် ။
ဗိုလ်ချုပ်အောင်ဆန်းကို မည်သူသတ်သနည်း ဆိုသည်မှာ ဂဋ္ဌုန်ဦးစောကိုချည်း လက်ညိုးထိုး၍ မပြည့်စုံဟု ထင်သည်။
အကယ်၍ ဗြိတိသျှ အစိုးရကသာ တိကျစွာ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံသူများမှာ အင်္ဂလိပ် အစိုးရက လည်း ကြံရာပါ ပူးပေါင်းပါဝင်သည်ဟု ဆိုလျှင် မည်သို့ ဖြစ်လာမည်နည်း ။
ဂဋ္ဌုန် ဦးစောတို့ ကို ကြိုးဒဏ်ပေးရာ၌ မျက်နှာဖြူ အင်္ဂလိပ်အရာရှိတို့  ပါဝင်ပေလိမ့်မည်ဖြစ်သည် ။ သို့ သော် ၄င်းအချိန်က ဗြိတိသျှအစိုးရသည် ဂဋ္ဌုန်ဦးစောတို့ အဖွဲ့ ကိုသာကြိုးဒဏ်ပေးခဲ့ ကြသည် ။
အင်္ဂလိပ် လူမျိုး တဦးတလေမျှ မပါဝင်ခဲ့။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားကို ကြိုးဒဏ်ပေးခြင်း မရှိသော အခြား ထူးခြားသော အချက်အလက် တခုမှာ တော်လှန်ရေးကောင်စီအစိုးရ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီးအဖြစ် ရောက်ရှိ လာသော တောင်ကိုးရီးယား သမ္မတအပါအ၀င် အဖွဲ့ ဝင်များကို မြောက် ကိုးရီးယား နိုင်ငံမှ ကွန်မွန်ဒို စစ်ဗိုလ်များက လုပ်ကြံခြင်းဖြစ်သည် ။
လုပ်ကြံသောနေရာကား အာဇါနည်ကုန်းဖြစ်သည် ။ အာဇါနည်ခေါင်းဆောင်ကြီးများတို့ ၏ အုတ်ဂူများ -အမိုး များ-ဥပစာနေရာများသည် ဗုံးခွဲ လုပ်ကြံသောကြောင့် အားလုံးပျက်စီးသွားခဲ့ ရသည်။
မြောက်ကိုးရီးယားမှ လုပ်ကြံသော စစ်ဗိုလ်များသည် ဖမ်းဆီးခံထိသော်လည်း သေဒဏ်အဖြစ် ပြစ်ဒဏ်ကို မခံစားရခဲ့ ။ အင်းစိန်အကျဉ်းထောင်မှာ တသက်တကျွန်း ကျခံခဲ့ရသည် ။
တော်လှန်ရေးကောင်စီမှ ဗိုလ်ချုပ်ကြီးနေ၀င်းသည် မြောက်ကိုးရီးယားမှ ပြစ်မှူကျူးလွန်သူများကို မည်သို့  မျှ ဆေးထိုးမသတ်ခဲ့။ ကောင်းမွန်စွာ ထောင်ထဲမှာ ကျွေးမွေးထားပေးခဲ့သည် ။
မြန်မာနိုင်ငံသား စိုင်းနော်ခမ်းသည် ခွန်ဆာကဲ့ သို့ ၎င်း -လော်စစ်ဟန်ကဲ့ သို့ သော၎င်း ပြစ်မှုများ ကြီးမား သူ မဟုတ် ။ သူတို့ ကို အမေရိကပြည်ထောင်စု အစိုးရမှပင် မူးယစ်ရာဇါများအဖြစ် ဒေါ်လာသန်းနှင့်ချီကာ အလိုရှိသူများအဖြစ် ကြော်ငြာခဲ့ ရသေးသည် ။
သို့ သော် သူတို့ မှာ -၁၉၈၈- ခုနှစ်အလွန် စစ်အစိုးရ၏ မ စ မှုကြောင့် မြန်မာနိုင်ငံ၌ အလှူရှင်ဒါယာကာ နာမည်ကောင်းရရှိခဲ့ သော တကယ့်ခရိုနီများ ဖြစ်သည် ။
မည်သည့်ပြစ်ဒဏ်ကိုမျှ အမေရိကရော ထိုင်းနိုင်ငံရော တရုပ်နိုင်ငံကရော ပေးလိုသည်ဟု အတွန့် မတက် ခဲ့ ကြ။
ယခုစိုင်းနော်ခမ်းသည် ၄င်းတို့ နှင့်စာလျှင် အလွန်တရာမှ သေးငယ်လွန်းလှသော မူးယစ်ရာဇာလေး သာဖြစ်သည် ။ စိုင်းနော်ခမ်းသည် မြန်မာနိုင်ငံသားဖြစ်၍ မြန်မာနိုင်ငံသားတဦး၏ အခွင့်အရေးကို ခံစား ပိုင်ခွင့်ရှိသည်ဟု ကျွန်တော်ထင်သည် ။
ပြည်ပနိုင်ငံတွင် ဆေးထိုးသတ်ခြင်းခံရမည့် စိုင်းနော်ခမ်းအား မြန်မာအစိုးရသည် မိမိနိုင်ငံသားတဦးအပေါ် ကာကွယ်စောင့်ရှောက်ပေးသင့်သည် ။
ဒုတိယအချက်အနေဖြင့် မဲခေါင်မြစ်တွင်းတွင် တရုပ်နိုင်ငံသား သဘောင်္သား-၁၃-ဦးကို သတ်ဖြတ်ခြင်း၌ ပါဝင်သည်ဆိုကာ ပြစ်ဒဏ်ချမှတ်ခြင်းမှာ တရားဥပဒေအရ သူ့ မှာ ပြစ်ဒဏ်ခံစားရသည်မှာ လွန်လွန်းလှသည် ။
၎င်းအမှုမှာ သူကိုယ်တိုင်ကျူးလွန်ခြင်း မဟုတ်ဘဲ အခြားသူများသာ ကျူးလွန်ခြင်းဖြစ်သည် ။ အကယ်၍ မူးယစ်ရာဇာ တဦးအဖြစ် ပြစ်ဒဏ်များကို ကျခံစေသည်ဟု ဆိုသော်လည်း ယခုလို လူမဆန်သော ရက်စက်မှု ဖြင့် သွေးအေးအေးနှင့် ပြစ်ဒဏ်မျိုး မစီရင်သင့်ဟု မြင်သည် ။
မြန်မာအစိုးရသည် တရုပ်နိုင်ငံ၏ တရားစီရင်ရေးစနစ်ကို မဝေဖန်ရဲဟု ဆိုသော်လည်း မိမိတို့  နိုင်ငံသား တဦးအတွက် တောင်းဆိုရန် အခွင့်အရေးတရပ်ရှိနေသေးသည် ။
ဤသည်မှာ စိုင်းနော်ခမ်းသည် အခြားသော မူးယစ်ရာဇာများကဲ့ သို့  မြန်မာအစိုးရ အဆက်ဆက် အား နှောင့်ယှက်တော်လှန်နေခဲ့ခြင်းများလည်း ရေရေရာရာ ရှိလှသည်ဟု မကြားမိချေ ။
သူ့ ကို ရှိနေပါခဲ့ သည်ဟု ပြောသည့်တောင်မှ သူပါဝင်ပါတ်သက်ခဲ့ သော ၄င်းဖြစ်ရပ်တို့ မှာ ယခုမြန်မာ အစိုးရနှင့် ထိတွေ့ နေသော သူတို့ လောက် ဘာမျှ ပြောစရာမရှိချေ ။
ရှမ်းလူမျိုးဖြစ်သော မြန်မာနိုင်ငံသား တဦးဖြစ်သူ စိုင်းနော်ခမ်းကို မြန်မာအစိုးရသည် လွယ်လင့်တကူ ဆေး ထိုးသတ်ရန် လက်လွပ်စပယ် မနေသင့် ။ ဥပေက္ခာမပြုသင့်ဟု ကျွန်တော်မြင်သည် ။
တရုပ်နိုင်ငံမှ မြန်မာနိုင်ငံသား ရှမ်းလူမျိုး စိုင်းနော်ခမ်းကို ဆေးထိုးသတ်ပြီး အလောင်း ကို မြန်မာနိုင်ငံ သို့ 
ပြန်ပို့ မည်ဆိုခြင်းမှာ မြန်မာနိုင်ငံအား မလေးစားသော သဘောကို သက်ရောက်စေခြင်းဖြစ်သည် ။
ထို့ ကြောင့် ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို မလိုဘဲ အရှင်လပ်လပ် မြန်မာနိုင်ငံအား ပြန်ပို့ ပေး ရန် မြန်မာအစိုးရက တောင်းဆိုရန်လိုသည် ။
မြန်မာနိုင်ငံသားဖြစ်၍ မြန်မာနိုင်ငံ၏ ဥပဒေအရသာ ကျခံပေးမည်ဆိုခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကို တည်ဆောက်သင့်သည်ဟု မြင်ပါသည် ။
ခိုင်အောင်ကျော် ( နယူးယောက် ) ~
အဲဒီလိုဘဲတောင်းဆိုသင့်ပါတယ်။မြန်မာနိုင်ငံသားတဦးကိုအခြားနိုင်ငံတခုကလက်လွတ်စပယ်သတ်ပစ်မယ်ဆိုတာမြန်မာန်ုင်ငံသားတိုင်းလက်သင့်မခံနိုင်တဲ့ကိစ္စတခုဘဲဖြစ်ပါတယ်။ကျွန်တော်တိုဘာမှမလုပ်နိုင်ပေမဲ့လုပ်နိုင်တဲ့သူများလက်ပိုက်ကြည့်မနေကြပါနဲ့လို့တေင်းဆိုချင်ပါတယ်