၈၈ ရုံးသို့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး လာရောက်

Friday, March 1, 2013

မြန်မာနိုင်ငံကို အလည်အပတ် ရောက်နေတဲ့ တောင်အာဖရိက နိုင်ငံမှ နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးဟာ ယနေ့ မတ်လ ၁ ရက်နေ့ နံနက်ပိုင်းက ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့က ရုံးခန်းကို လာရောက်ကြောင်း သိရပါတယ်။ 

ထို့နောက် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ၈၈ မျိုးဆက်ကျောင်းသားများနဲ့တွေ့ဆုံစဉ်မှာ အကျဉ်း 
ထောင် အသီးသီးတွင်နှစ်ရှည်လများ နေထိုင်ခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း များဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေကို လေးစားမြတ်နိုးကြောင်းလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ 

“ လွတ်လပ်ခွင့်ဆိုသည်မှာ မည်သူ့ထံတွင်မျှ ဒူးထောက်တောင်းခံနေရန်မဟုတ်ဘဲ လူတိုင်း၏ မွေးရာပါ (ဘုရားသခင်ပေးသော) အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း၊ ထိုအခွင့်အရေးကို အတားအဆီးပြုထားသူ များ ထံမှ ပြန်လည်တိုက်ယူခဲ့ကြသော သင်တို့ကို လေးစားဂုဏ်ယူမိပါကြောင်း၊ သို့ရာတွင် လူတိုင်း
ကိုယ်စီ အပြုံးပန်းများဆင်မြန်းနိုင်ကြသည့် နေ့သစ်ဆီရောက်မှသာလျှင် သင်တို့၏ လွတ်လပ်ခွင့် သည် သင်တို့လက်ဝယ်ပိုင်ပိုင်ဆိုက်ရောက်လာမည်ဖြစ်ကြောင်း” ဒက်စမွန်တူးတူးက ပြောသွားခဲ့ပါတယ်။
ထို့နောက် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက တောင်အာဖရိကနိုင်ငံရဲ့ လူဖြူအာဏာရှင်အစိုးရလက်ထက် က ဖိနှိပ်ချုပ်ချယ်မှု၊ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး စတဲ့  အတွေ့အကြုံတွေကိုလည်း မျှဝေခဲ့ပြီး သိလိုသည်များကိုလည်း ၈၈ ကျောင်းသားများကို မေးမြန်းခဲ့ပါသေးတယ်။ 

ပြီးတော့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ အတူ မှတ်တမ်း ဓာတ်ပုံ ရိုက်ခြင်း၊ အမှတ်တရစကားများပြောခြင်းတွေလည်း ပျော်ရွင်ရယ်မောစွာ လုပ်ဆောင်ခဲ့ပါသေးတယ်။ 


 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved