ထူးထူးခြားခြား မိုင်ဒါကွင်းမှာ ကျင်းပမယ့် ရန်ကုန် သင်္ကြန်

Saturday, March 30, 2013

၂၀၁၃ ခုနှစ်ရဲ့ ရန်ကုန် အတာသင်္ကြန်ပွဲကိုတော့ ထူးထူးခြားခြား အစီအစဉ်တခု ရှိနေပါတယ်။ မိုင်ဒါကွင်း မှာ စုပေါင်းပုံစံနဲ့ မဟာသင်္ကြန် ပွဲတော်ကို ပထမဆုံး အနေနဲ့ ကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်။ 

တချိန်က ဗုံးပေါက်ကွဲပြီး နောက်တရက် သင်္ကြန်အတက်နေ့တွင် ခြောက်သွေ့စွာ ရေကစားနေသည့် X2O မဏ္ဍပ်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

မိုင်ဒါကွင်း ရန်ကုန် အတာသင်္ကြန်ပွဲတော်ကို Forever Group က ဦးဆောင်ပြီး စီစဉ်တာလို့ သိရပြီး ထိုင်း အဲဝေးအပါ အ၀င် ထိုင်းလုပ်ငန်းရှင်တချို့၊ မြန်မာဘက်က လုပ်ငန်းရှင်တချို့ရဲ့ စပွန်ဆာတွေနဲ့ အခုလို ထူးထူးခြားခြား စီမံဖို့ဖြစ် လာတာလို့ Forever Group က တာဝန်ရှိသူတဦးက MRTV4 ကို ပြောပါတယ်။ 

“ထိုင်း အဲဝေးကလည်း အကိုတို့ကို ပံ့ပိုးထားတယ်။ Thai Life Insurance ကလည်း ပံ့ပိုးတယ်” လို့ သူက ဆိုပါတယ်။ စပွန်ဆာတွေထဲမှာ Signal သွားတိုက်ဆေး ကုမ္ပဏီအပါအ၀င် Forever Group ထဲက လုပ်ငန်းကဏ္ဍတွေက ၀န်ထမ်း တွေ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ မိုင်ဒါကွင်း တာဝန်ခံတွေနဲ့ အရပ်ဘက်၊ ဌာနဆိုင်ရာက ပုဂ္ဂိုလ် တွေရဲ့ ပံ့ပိုးကူညီမှုတွေပါလို့သာ အခုလို ထူးခြားတဲ့ အတာသင်္ကြန် ၂၀၁၃ ပွဲကို စိတ်ချလုံခြုံစွာနဲ့ ရေကစားဖို့ စီမံနိုင်တာ ဖြစ်တယ်လို့လည်း သူက ဆက်ပြော သွားပါတယ်။ 

ယမန်နေ့က MRTV 4 ထုတ်လွှင့်တဲ့ Forever Group ရဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲမှာ တက်ရောက် လာသူတွေကိုလည်း အစီအစဉ်နဲ့ပတ်သက်ပြီး အသေး စိပ် ရှင်းလင်းပြောကြားမှုတွေလုပ်သွားချိန်မှာ သင်္ကြန်အကြို သင်္ကြန်အက၊ ယိမ်းတွေနဲ့ လည်း ဖျော်ဖြေ တင်ဆက်သွားပါသေးတယ်။ 

ခေတ်ပေါ် အဆိုအကတွေလည်း ပါဝင်ပြီး အကြို သင်္ကြန် ရေပက်ဖျန်းမှု ပုံစံကတော့ ထိုင်းမူ၊ ထိုင်းဟန် 
ရောနှောနေတာ သတိထားမိပါတယ်။ ထိုင်းကုမ္ပဏီတွေရဲ့ စပွန်ဆာတွေ ပါဝင်တာကြောင့်လည်း ဖြစ်နိုင် ပါတယ်။ 

ဘာပဲ ပြောပြော မိုင်ဒါကွင်း သင်္ကြန်ပွဲကိုတော့ ရန်ကုန်က လူအများအတွက် ပထမဆုံး အတွေ့အကြုံ သစ် တမျိုးကို ပေးမှာမို့ စိတ်ဝင်စားမှုတွေလည်း များတယ်လို့ ရန်ကုန် သင်္ကြန် ကဲချင်သူတွေက ဧရာဝတီ ကို ပြောပါတယ်။  


ဧရာဝတီက ယမန်နှစ်က ဖော်ပြခဲ့တဲ့ သင်္ကြန်နဲ့ပတ်သက်တဲ့ သတင်း၊ ဆောင်းပါးများ 

 ခြောက်ကြိုးငြိ သင်္ကြန် Click Here 

သင်္ကြန် အမှတ်တရ ခံစားချက်များ Click Here 

ချင်းမိုင်၌ မြန်မာ့ရိုးရာ သင်္ကြန်နှင့် ယဉ်ကျေးမှုပြိုင်ပွဲကျင်းပမည် Click Here 

မြန်မာဘီယာ ဥပဒေကို လက်တလုံးခြား ကြော်ငြာလုပ် Click Here 

လုံခြုံရေးစရိတ် အကုန်ကျ များသော်လည်း သင်္ကြန်မဏ္ဍပ်များ လူဝင်နည်း Click Here 

“ငုံ့မခံရဖို့ တုံ့ပြန်ကြစို့” သင်္ကြန် သံချပ်ခွေ ထွက်ပြီ Click Here 

သင်္ကြန်ကာလ ခရီးသွားမည့်သူ ၂ ဆ မြင့်တက် Click Here 

ရန်ကုန်တွင် ရေကစားမဏ္ဍပ်ကြီး ၃၁ ခုသာ ဆောက်ခွင့်ပြု Click Here



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved