မနေ့ညက ရန်ကုန် အခြေအနေ

Tuesday, March 26, 2013

မိတ္ထီလာမြို့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေအပြီး ယမန်နေ့ကရန်ကုန်မြို့မှာလည်း
ကာလဟာလတွေ ပျံ့နှံ့လို့ ပြည်သူများ စိုးရိမ်ထိပ်လန့်ခဲ့ကြပါတယ်။

 ယမန်နေ့ညက ရဲလုံခြုံရေးများ ရန်ကုန်မြို့တွင်း လှည့်လည်နေစဉ်၊ ဓာတ်ပုံ- မြန်မာ့အလင်း သတင်းစာ 

ပြည်သူတွေကိုလည်း ကောလဟာလတွေကို မယုံကြည်ကြဖို့ ရန်ကုန်တိုင်းအစိုးရကလည်း တိုက်တွန်း 
နှိုးဆော်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မည်သည့် ဆူပူမှုတွေမှ မဖြစ်ခဲ့ကြောင်း၊ ရန်ကုန်အခြေအနေဟာ တည်ငြိမ်လျက်ရှိပြီး လုံခြုံရေး တပ်ဖွဲ့တွေလည်း သတင်းဖြစ်ပေါ်ရာနေရာတွေမှာ လုံခြုံရေး ချပြီး လှည့်ကင်းတွေနဲ့ လုပ်ဆောင်တယ်လို့ သိရပါတယ်။  


ယမန်နေ့ညကတော့ ရန်ကုန်တိုင်းတွင်း မြို့နယ်တွေမှာ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး တွေက လက်ဘက်ရည်ဆိုင်တွေ၊ ကေတီဗီ၊ အင်တာနက်ဆိုင်၊ တီဗိ ဂိမ်းဆိုင် စတဲ့ ဆိုင်တွေကို ည ၉ နာရီ ကျော်တာနဲ့ လုံးဝ ပိတ်သိမ်းဖို့ အမိန့် ထုတ်ပြန်ခဲ့ကြပါတယ်။ 

မနက် ၄ နာရီကျော်မှသာ ဖွင့်လှစ်နိုင်တယ်လို့ ရပ်ကွက်တွေအတွင်း လိုက်လံအသိပေးခဲ့ပြီး ရပ်ကွက်တွင်း လူငယ်များကလည်း မိမိရပ်ကွက်တွင်းကို ဆူပူလှုံ့ဆော်သူတွေ မ၀င်ရောက်စေရန် ထိန်းသိမ်းကာကွယ်ခဲ့ကြတယ်လို့ သိရပါတယ်။ 


အိမ့်သံစဉ် ~
 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved