မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီးနောက်ပိုင်း ဆယ်စုနှစ်ပေါင်းများ စွာ ပျောက်ကွယ်ခဲ့ရတဲ့ နေ့စဉ်ထုတ် သတင်းစာတွေကို လာမယ့် ဧပြီလ ၁ ရက်နေ့မှာ စတင်ထုတ်ဝေ ခွင့် ပြုလိုက်ပြီး လုပ်ငန်း လိုင်စင်တွေလည်း ချမှတ်ပေးလိုက်ပါပြီ။
ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းစာလျှောက်ထားတဲ့ ၁၇ စောင်
အနက် ၁၄ စောင်ကို စိစစ်ခဲ့ပြီး ၈ စောင်ကို ခွင့်ပြုချက် ပေးပြီးဖြစ်ပါတယ်။
ယခင် ပြင်ဆင်လျှောက်လွှာ ၃ စောင်၊ စီစစ်ဆဲ ၃ စောင်နဲ့ ထောက်တိုး ၅ စောင် ဆိုတဲ့ထဲက သတင်းစာ ၈ စောင်ကို လုပ်ငန်း လုပ်ပိုင်ခွင့် ထပ်မံ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
အဆိုပါ သတင်းစာ ၈ စောင်ကတော့ .......
၁။ The Daily Eleven ( လျှောက်ထားသူ - Eleven Media Group Co. Ltd.)
၂။ စံတော်ချိန် ( Three Friends Construction Co.Ltd)
၃။ ခေတ်သစ်နေ့စဉ် ( ဒေါက်တာ တင်ထွန်း)
၎။ ရန်ကုန်တိုင်း(မ်) ( ဦးကိုကို )
၅။ မြန်မာဓိက ( ဦးမြင့်သိန်း)
၆။ ဒီလှိုင်း ( ဒေါ်အောင်ဆန်းစုကြည်)
၇။ ပြည်ထောင်စု အသံ ( ဒေါ်ဝင်းကလျာဆွေ)
၈။ ၇ - ရက် နေ့စဉ် ( ဦးသောင်းစုငြိမ်း )
သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအတွက် အဓိက ထောက်တိုင်ကြီးတခုဖြစ်တဲ့ မီဒီယာ လောက အတွက် နေ့စဉ် ထုတ် သတင်းစာခေတ်ကို မကြာတော့တဲ့ အချိန်မှာ စတင်ကြတော့မှာပါ။
မြန်မာနိုင်ငံမှာ နေ့စဉ်ထုတ် သတင်းစာတွေ အပြိုင်အဆိုင် များများ ဖတ်ကြရတော့မှာပါ။
ဒါပေမယ့် အခုချိန်ထိ သတင်းစာဖြန့်ချီရေး၊ ပုံနှိပ်လုပ်ငန်းနှင့် သတင်းထောက်ဆိုင်ရာ လိုအပ်ချက်များ ရှိနေသေးကြောင်း သတင်းစာလောကသားတွေက ပြောဆိုနေကြပါတယ်။
အိမ့်သံစဉ် ~

0 comments :
Post a Comment