ချင်းပြည်နယ်မှာ ၈၈ တွေ အနှောက်အယှက်နဲ့ ကြုံတွေ့နေရ

Saturday, March 9, 2013

၈၈ မျိုးဆက် ကျောင်းသားများရဲ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းဖေါ်ဆောင်ရေး ချင်းပြည်နယ် ခရီးစဉ်အတွင်း  ရိဒ်ရေကန်ဒေသ ဖလမ်းမြို့နယ်မှာ ဒေသခံ အာဏာပိုင်အချို့ရဲ့ ဟန့် တားနှောင်ယှက်မှု 
တွေ  ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ 

ဓာတ်ပုံ- ၈၈ မျိုးဆက်

ရိဒ်ရေကန်ဒေသတွင် ဒေသခံတွေနဲ့  ၈၈ မျိုးဆက်ကျောင်းသားတွေ တွေ့ဆုံပွဲကို ဒေသခံတွေက ခွင့်ပြုချက် ကြိုတင်တောင်းခံခဲ့ပေမယ့် အခုအခါမှာ ခွင့်ပြုချက် မပေးလို့ လူနေအိမ်တခုမှာသာ စီစဉ်လိုက်ရတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတွေက ဆိုပါတယ်။ 

ဒီအပြင်  ဖလမ်းဒေသခံတွေနဲ့ တွေ့ဆုံပွဲကို  ဒေသခံတွေ မလာရောက်နိုင်ရန်အတွက် နည်းမျိုးစုံသုံးပြီး သိသိသာသာ လုပ်ဆောင်နေတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးအဖွဲ့က ဦးဇော်မင်းက ဆိုပါတယ်။ 

"အခု လုပ်နေတဲ့ ဟန့်တားနှောက်ယှက်မှုတွေက စာနဲ့ ပေနဲ့ ရေးမထားတဲ့ နုတ်မိန့်တွေသုံး လုပ်နေတာ၊ ဒါကို ဒေသခံတွေက ပြဿနာ ဖြစ်မှာ စိုးရိမ်နေကြတယ်" လို့ သူက ဆိုပါတယ်။ 

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved