ဒီနေ့ ဖြေနိုင်တယ် တဲ့..

Monday, March 18, 2013





ရန်ကုန်မြို့ စာသင်ကျောင်းတခုမှာ ဆယ်တန်းစာမေးပွဲဖြေဆိုသူတွေပါ။

ဒီနေ့ ဓာတုဗေဒ ( Chemistry ) ဘာသာရပ် ဖြေဆိုတဲ့ ကျောင်းသားကျောင်းသူ အများစုက အပြုံးတွေ ဝေေ၀ဆာဆာနဲ့ အခန်းထဲကနေ ထွက်လာကြပါတယ်။
ဒီနေ့  Chemistry အရမ်းလွယ်တာပဲ တဲ့။

နေပြင်းပြင်း အပူမှာ ရင်တွေ ဗလောင်ဆူနေတဲ့ ကျောင်းဝန်းအပြင်က မိခင်အုပ်ထိန်းသူတွေလည်း ကိုယ့်သားသမီးရဲ့ မျက်နှာအရိပ်အကဲကိုပဲ အကဲခတ် နေကြပါတယ်။

ဘာဖြစ်ဖြစ် ဒီနေ့တော့ ကျောင်းသားအားလုံးနီးပါးက ဖြေနိုင်တယ်လို့ ပြောပါတယ်။

ကျန်တဲ့ ဘာသာရပ်များကိုလည်း ကျောင်းသားတိုင်း ဖြေဆိုနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဓာတ်ပုံများ - အဲမလီ၊ စည်သူ







1 comments :

  1. Anonymous said... :

    Yangon, the city of pluralism, Vibrant society, and rich in diversity. More importantly, we found peace, tolerance and acceptance which reflect the truth essence of its tradition. Despite the fact that polarization seem to settle, conflict continue to multiply but at the end of the day people win over prejudice.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved