ဒေါ်လာခြောက်သောင်းခွဲသွင်းရမယ့် လေယာဉ်မောင်းသင်တန်း

Tuesday, March 12, 2013


မြန်မာနိုင်ငံအတွင်း လေယာဉ် မောင်းသင်တန်းတက်လိုသူတွေကို လျှောက်လွှာခေါ်ယူတဲ့ကြော်ငြာ ဒီရက်ပိုင်း သတင်းစာများမှာ တွေ့ရမှာပါ။

.

ဓာတ်ပုံ -
Myanmar Aviation Academy
.
ကြော်ငြာထည့်တဲ့ ရန်ကုန်က Myanmar Aviation Academy ရဲ့ သင်တန်းကျောင်းကို ဒီနေ့ နေ့ခင်းပိုင်းမှာ ဆက်သွယ် မေးမြန်းကြည့်တော့ သင်တန်းကြေးက ဒေါ်လာ ခြောက်သောင်းခွဲ လို့ ဖြေပါတယ်။
အရစ်ကျ ပေးလို့ရတယ်၊ မြန်မာငွေနဲ့လည်း ပေးလို့ရတယ်လို့ ပြောပါတယ်။

ကားမောင်းသင်တန်းမှာ ကားအဟောင်းတွေနဲ့ သင်ရတဲ့အတွက် သင်တန်းခ ဈေးသက်သာပါလိမ့်မယ်။
လေယာဉ်ပျံမောင်း သင်တန်းမှာတော့ လေယာဉ်အသစ်တွေပဲ သုံးဖွယ် ရှိပါတယ်။ 
ဒါကြောင့် ဒေါ်လာ  ခြောက်သောင်းခွဲ ယူတာ ဖြစ်ပါလိမ့်မယ်။

သင်တန်းကာလက  ၁နှစ်ခွဲကျော်ကျော်ကနေ  ၂ နှစ် နီးပါးအထိ သတ်မှတ်ထားကြောင်း ကြော်ငြာမှာ တွေ့ရပါတယ်။

လေယာဉ်မှူးတွေက လစာ ကောင်းတဲ့အတွက် ဒီလောက် သင်တန်းကြေးပမာဏကိုတော့ ရင်းနှီးမြှုပ်နှံလိုသူတွေ အနည်းနဲ့အများ ရှိမှာပါ။
.

ဓာတ်ပုံ - Myanmar Aviation Academy .
ဗီယက်နမ်မှာတော့ ဒေသခံ လေယာဉ်မှူးက လခ ဒေါ်လာ နှစ်ထောင်ရတယ်၊ နိုင်ငံခြားသားလေယာဉ်မှူးဆိုရင် အဲဒီလခထက် ခြောက်ဆ ရတယ်လို့ Vietweek စာစောင်မှာ ရေးထားပါတယ်။

လေကြောင်းနဲ့ ခရီးသွားလာမှု တိုးပွားလာတဲ့အတွက် နိုင်ငံတကာမှာ လေယာဉ်မှူး အများအပြား လိုအပ်နေတယ် လို့ အဲဒီစာစောင်မှာ ရေးထားပါတယ်။

လာမယ့် နှစ် ၂၀ အတွင်း အာရှပစိဖိတ် ဒေသမှာ လေယာဉ်မှူး ငါးသောင်းကျော်၊ လေယာဉ်စက်ပြင်ကျွမ်းကျင်သူ ခြောက်သောင်းကျော် လိုအပ်လာမှာဖြစ်ကြောင်း အဲဒီစာစောင်မှာ ဆက်ရေးထားပါတယ်။

ဒီလိုအပ်ချက်ကို ဖြည့်ဆည်းမယ့်သူများထဲ မြန်မာလေယာဉ်မောင်းတွေ၊ စက်ပြင်ကျွမ်းကျင်သူတွေ ပါပါလိမ့်မယ်။
.


အခု လျှောက်လွှာ ခေါ်နေတဲ့ ဒီသင်တန်းက မြန်မာပြည်မှာ ပထမဆုံးပေါ်ပေါက်လာတဲ့ လေယာဉ်မောင်းသင်တန်းကျောင်း ဖြစ်ဖွယ် ရှိပါတယ်။

ခါတိုင်းတော့ မြန်မာပြည်သားတွေ လေယာဉ်မောင်းသင်လိုရင် ပြည်ပက သင်တန်းတွေအထိ သွားရပါတယ်။




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved