ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ဘောလုံးအသင်း

Tuesday, March 26, 2013


 
ကာတွန်းအဂ္ဂရဲ့ သရုပ်ဖော်ပုံတခုက အင်မတန် သဘောကျစရာ ကောင်းပါတယ်။
မြန်မာပြည်က အထင်ကရ နိုင်ငံရေးသမားတွေရဲ့ပုံကို ဘောလုံးအသင်းပုံ ရုပ်ပြောင် ဆွဲထားတာပါ။

ရန်ကုန် အခြေစိုက် ပြည်သူ့ဆန္ဒ ဂျာနယ် မျက်နှာဖုံးအတွက် ဆွဲတာလို့  ကာတွန်းအဂ္ဂက သူ့ Facebook  မှာ ရေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့တန်းမှာ တွေ့ရပါလိမ့်မယ်။ လက်မောင်းမှာ အ၀ါရောင် ပတ်ထားပေးတဲ့အတွက် အသင်းခေါင်းဆောင်ပေါ့။

ဝတ်ထားကြတာကတော့ ကမ္ဘာကျော် မန်ယူအသင်းယူနီဖောင်းပါ။

အထင်ကရလူစုံပါဝင်တဲ့ ဒီဘောလုံးအသင်းကို ဘယ်လို နာမည်ပေးသလဲ မသိရသေးပါဘူး။

ဧရာဝတီဘလော့ http://blog.irrawaddy.org အတွက် ရေးတဲ့ ဒီပို့စ်ကို ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ဘောလုံးအသင်းလို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။

ပွဲမစခင် တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် FC မှာ ပါဝင်သူများ
 

  • ဦးဌေးဦး
  • ဦးတင်ဦး
  • ဒေါ်အောင်ဆန်းစုကြည်
  • ကိုကိုကြီး
  • မင်းကိုနိုင်
     -
  • ဦးဥာဏ်ထွန်း
  • ဒေါက်တာစိုင်းမောက်ခမ်း
  • ဦးသိန်းစိန်
  • သူရဦးရွှေမန်း
  • ဦးခင်အောင်မြင့်
  • (ဒု?)ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ရှေ့တန်းကပုဂ္ဂိုလ် အများစုကတော့  ဘောလုံးပွဲကြည့်သူတွေဖြစ်ကြောင်း သိရပါတယ်။
 -
 
 ဧရာဝတီ Facebook / ဧရာဝတီ Twitter
.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved