မြန်မာကျောက်မီးသွေးစက်ရုံအတွက် အင်ဒိုရဲ့ ရင်းနှီးမြှုပ်နှံမှု

Tuesday, March 26, 2013


အင်ဒိုနီးရှားက မြန်မာပြည်မှာ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံဆောက်မယ် လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရေးထားပါတယ်။ 

 

လားရှိုး-မန္တလေးလမ်းပေါ်မှာ ကျောက်မီးသွေးတင်ကားတွေကို တွေ့ရတတ်ပါတယ် (ဓာတ်ပုံ - ရန်ပိုင်/ဧရာဝတီ)
 

 ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီ  ဘူကစ်အာဆမ် (Bukit Asam) က ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံပါမယ် တဲ့။

မြန်မာပြည် ဘယ်ဒေသမှာ ဒီစက်ရုံ ပေါ်လာမယ် ဆိုတာတော့ မသိရသေးပါ။

မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမယ့် အင်ဒိုအစိုးရကုမ္ပဏီ ၁၅ ခုထဲမှာ ဘူကစ်အာဆမ်လည်း တခု အပါအ၀င် ဖြစ်ကြောင်း ဂျကာတာဂလုပ် အွန်လိုင်းမှာ အင်ဒိုအစိုးရ၀န်ကြီးတယောက်ကို ကိုးကား ရေးထားပါတယ်။

ကုမ္ပဏီက ဘာပြောသလဲ
 မြန်မာပြည်မှာ လုပ်ငန်း လုပ်ကိုင်ဖို့ မြန်မာပြည်ရဲ့ မူဝါဒတွေကို လေ့လာနေတယ်ဆိုတဲ့အကြောင်း ကုမ္ပဏီ ၀က်ဆိုက်ရဲ့ ဇန်န၀ါရီလထုတ် သတင်းတပုဒ်  မှာ ဖော်ပြထားပါတယ်။
ကျောက်မီးသွေးလုပ်ငန်းက ပေါ်လာမယ့် ထွက်ကုန်တွေကို ပြည်ပပို့လို့ ရမရ သိလိုတယ် လို့လည်း အဲဒီသတင်းမှာ ရေးထားပါတယ်။
 

http://www.freewebs.com/popamines/occurrences/coal.html မှာ တွေ့ရတဲ့ မြန်မာပြည် ကျောက်မီးသွေးထွက်ရာ ဒေသများပြ မြေပုံ 

 စွမ်းအင်ကဏ္ဍအတွက် အရေးပါတဲ့ ကျောက်မီးသွေးကို တူးဖော် ထုတ်လုပ်ခြင်း၊ ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံ လည်ပတ်ခြင်းတို့နဲ့ ပတ်သက်ပြီး  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အငြင်းပွားဖွယ် အကြောင်းအရာတွေ ဖြစ်ပေါ်စမြဲပါ။

ဇန်န၀ါရီလမှာ အစိုးရက ဖွဲ့စည်းလိုက်တဲ့ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ ကျောက်မီးသွေးနဲ့ ပတ်သက်တဲ့ အချက်တခုကို တွေ့ရပါတယ်။

အဲဒါကတော့ - လတ်တလော အခြေအနေအရ လျှပ်စစ် လိုအပ်နေသည့် အချိန်တွင် အခြားနိုင်ငံများ နည်းတူ ကျောက်မီးသွေး အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို
ဆောင်ရွက်သွားရန်နှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထား၍ Clean Coal Technology (CCT) အား အသုံးချရေး စီမံ ဆောင်ရွက်သွားရန် ဆိုတာပဲ ဖြစ်ပါတယ်။ 
 -

 ဆက်စပ် -

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved