လက်ရှိ မတည်ငြိမ်မှုများအပေါ် ၈၈ တို့ သဘောထား ထုတ်ပြန်

Wednesday, March 27, 2013



 မိတ္ထီလာ နဲ့ နေရာတချို့မှာ ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်နေတဲ့ ဆူပူ အကြမ်းဖက်မှုတွေနဲ့ပတ်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ပွင်လင်းလူ့အဖွဲ့အစည်းက ယနေ့ မတ်လ ၂၇ ရက်နေ့မှာ သဘောထား တရပ် ထုတ်ပြန်လိုက်ပါတယ်။  




စာအမှတ် - ၃ / ၂၀၁၃ ( က)
နေ့စွဲ - ၂၀၁၃ခုနှစ်၊ မတ်လ၊ ၂၇ ရက် 
၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) 

၁၀၃၉/၁၀၄၀၊ ၁၆/၁ရပ်ကွက်၊ 
သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊
မြန်မာ ဖုန်း - ၀၉ ၇၃၀၈ ၁၇၀၁ 
Email – office@the88generation.org 

လတ်တလောဖြစ်ပေါ်နေသော အဓိကရုဏ်းများ၊ တရားဥပဒေမဲ့လုပ်ရပ်များနှင့်ပတ်သက်၍ ၈၈-မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၏ သဘောထားထုတ်ပြန်ချက်။ 

၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် မတူညီသည့်လူမျိုး၊ ဘာသာများအကြား ရင်းနှီးငြိမ်းချမ်းစွာဖြင့် ကာလရှည်ကြာ နေထိုင်ခဲ့ကြသည့် နိုင်ငံဖြစ်ပါသည်။ 

၂။ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်းကာလသည် အလွန်နူးညံ့သိမ်မွေ့သည့် ကာလဖြစ်သည်။ ဖြစ်ပေါ်လာသည့်အကျပ်အတည်း ပြဿနာများကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးသည် အရေးတကြီး ရင်ဆိုင်နေရသည့် စိန်ခေါ်မှုဖြစ်ပါသည်။ 

၃။ မတူညီသည့်ဘာသာဝင်များအကြား သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများအား ၈၈မျိုးဆက်(ငြိမ်းချမ်း ရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) အနေဖြင့် လုံးဝလက်မခံပါ။ 


၎။ နိုင်ငံသားတိုင်း၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးသည် နိုင်ငံတော်တွင် လုံးဝတာဝန်ရှိသည်။ 

၅။ နိုင်ငံတွင်းဖြစ်ပွားနေသောပဋိပက္ခများကို ဖြေရှင်းရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေရှင်း နိုင်စွမ်း ထိရောက်ထက်မြက်ရန် လိုအပ်သည်ဟုယုံကြည်သည်။ 

၆။ သက်ဆိုင်ရာဒေသအသီးသီးရှိ ဘာသာရေး၊ လူမှုရေး၊ အရပ်ဖက်လူ့အဖွဲ့အစည်းများစုစည်း ညှိနှိုင်း၍ ပဋိပက္ခကြိုတင် ထားဆီးရေး ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန် တိုက်တွန်းသည်။ 

၇။ လတ်တလောဖြစ်ပေါ်နေသော အဓိကရုဏ်းများ၊ တရားဥပဒေမဲ့လုပ်ရပ်များ အမြန်ဆုံးရပ် တန့် ၍ သေဆုံး ထိခိုက် ဒဏ်ရာရသူများအား ကူညီစောင့်ရှောက်ရန် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ကြပါရန်အလေးအနက် အလေး အနက် နှိုးဆော်တိုက်တွန်း အပ်ပါသည်။ 


 ၈၈ မျိုးဆက် 

(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved