NLD ကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့

Wednesday, March 27, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က   ၆၈ နှစ်မြောက် ဖက်စစ်တော်လှန်ရေးနေ့ အခမ်းအနားကို ဒီမနက် ရန်ကုန်မြို့ ပါတီရုံးချုပ်မှာ   ကျင်းပခဲ့ပါတယ်။ 


 ဓာတ်ပုံ- NLD

အခမ်းအနားကို သဘာပတိအဖြစ် NLD နာယက ဦးတင်ဦးက ဆောင်ရွက်ပြီး အဖွင့် အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။ အခန်းအနားသို့ သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ နှင့် သဘာပတိအဖွဲ့ဝင်များ၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆာင်အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ၊သံတမန်တွေ၊ အခြားဖိတ်ကြားထားသူတွေနဲ့ သတင်းမီဒီယာများ တတ်ရောက်ခဲ့ကြပါတယ်။

ယနေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်နေရေးနေ့မှာ  NLD က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 

" ဒီနိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ ကျမတို့ ရနေတဲ့ အခွင့်အရေးကို မလွတ်တမ်း ကိုင်သွားဖို့ လိုပါတယ်။ ဒီ အခွင့်အရေးကို ကျမတို့က လက်လွတ်သွားလို့ ရှိရင် ကျမတို့ ဟာ သမိုင်းတရားခံတွေ ဖြစ်သွားပါလိမ့်မယ်" လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကိုလည်း သဘာပတိမိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။




 NLD ကြေညာချက်







သဘာပတိမိန့်ခွန်း အပြည့်အစုံ 








  အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved