စာရွက်ပေါ်က ၀န်ကြီး

Friday, March 22, 2013



ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဦးဝင်းမြင့်က မိမိသည် အင်းတိုင်းရင်းသားရေးရာ ၀န်ကြီးဖြစ်သည်မှာ မှန်ကြောင်း၊  သို့သော်လည်း လုပ်ပိုင်ခွင့်မှာ စာရွက်ပေါ်တွင်သာ ရှိကြောင်း လားရှိုးမြို့တွင် ရောက်ရှိစဉ် ပြောဆိုလိုက်သည်။

လားရှိုးမြို့တွင်  ကျင်းပလျက်ရှိသည့် "ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း" ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးတဦး၏လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး မေးမြန်းစဉ် သူက အထက်ပါအတိုင်း လိုရင်းတိုရှင်းပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လုပ်ပိုင်ခွင့် စာရွက်ပေါ်တွင်သာ ရှိနေသည့် အခြေအနေအကြောင်း ပြောပြပြီးနောက် လွှတ်တော်တွင်းရှိ တိုင်းရင်းသားကိုယ်စားလှယ်တို့၏ အနေအထားကိုလည်း ပြောပြသည်။

လွှတ်တော်တွင် ကျနော်တို့ တိုင်းရင်းသားများ၊ ရခိုင်တိုင်းရင်းသား ဒေါက်တာအေးမောင်တို့ တင်သွင်းသည့် အဆိုများသည် အမြဲတမ်း ရှုံးနိမ့်နေကြောင်း၊ တိုင်းရင်းသားများဘက်ကိုလည်း ပြည်မကလူတွေ စဉ်းစားပေးဖို့လိုကြောင်း ပြောကြား ဆွေးနွေးခဲ့သည်။


သူ၏ ပြောဆိုချက်တို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

- မိမိတို့ တိုင်းရင်းသား လူမျိုးများသည် ပြည်ထောင်စုဝန်ကြီးအဆင့် တစ်ဦးမှ မရရှိသေးကြောင်း၊
- အာဏာလိုချင်လို့၊ အာဏာမက်သဖြင့် ပြောကြားနေခြင်း မဟုတ်ကြောင်း၊ တိုင်းရင်းသားညီအစ်ကိုတွေ အနေဖြင့် ဥပဒေဘောင်အတွင်းမှ မိမိတို့ ရပိုင်ခွင့် လိုချင်ခြင်းသာဖြစ်ကြောင်း၊

- အင်းအမျိုးသားပါတီအနေဖြင့် တိုင်းရင်းသားအားလုံး တန်းတူရည်တူ တိုးတက်ပြီး၊ အရှေ့တောင် အာရှ နိုင်ငံများနည်းတူ ရင်ဘောင် တန်းနိုင်အောင်၊ တည်ငြိမ်အေးချမ်းစွာဖြင့် ပြည်သူဘ၀ ထူထောင်ရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တန်းတူ ရည်တူရှိသော အခွင့် အရေး ရရှိရေး တို့ကို လိုလားကြောင်း၊
- စစ်ရေးဖြင့် ပြဿနာဖြေရှင်းနေမှုများကိုလည်း လုံးဝဆန့်ကျင်ပါကြောင်း၊


- မိမိတို့ တိုင်းရင်းသားပါတီများသည် ကုဋေရှစ်ဆယ်ကြွယ်ဝသည့် ပါတီများ မဟုတ်ကြောင်း၊ တစ်ပြားမှ မရှိသည့် ပါတီများသာဖြစ်ကြောင်း၊
- ခေတ်အဆက်ဆက် ပစ်ပယ်ခံနေရသည့် တိုင်းရင်းသားတို့ တန်းတူအခွင့်အရေး ရဖို့ တိုင်းရင်းသားပါတီများပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေကြောင်း။

ဂျွန်ချစ်ငြိမ်း (ခေတ္တ လားရှိုး)

3 comments :

  1. Anonymous said... :

    မှန်ပါတယ်၊ ဒီတိုင်းပြည်မှာ ဝန်ကြီးဖြစ်ဘို့ဆိုတာက စစ်တပ်ကလက်ရှိစစ်မူ့ထမ်း၊ စစ်တပ်လူထွက်ဖြစ်ရင်
    ဖြစ်၊ ဒါမှမဟုတ်ရင် ၊ နိးစပ်သောဆွေမျိုးဖြစ်ရပါမယ်။ ဥပမာ ဦးသန့်ကျော် (MOFA) (ဗိုလ်ချုပ်ကျော်ထင်ရဲ့သား)၊ ဦးထင်အောင် (စွမ်းအင်)(ဗိုလ်မူးကြီးမောင်ဆွေရဲ့သား၊ ဒေါ်လှမျိုးနွယ် (ခုံရုံးအဖွဲ့ဝင်) (ဗိုလ်ချုပ်မောင်လှသမီး)....စကည်ဖြင့်ပေါ့။

  1. Anonymous said... :

    လုပ်ပိုင်ခွင့်မရှိမှန်းသိနေပြီး...အင်းတိုင်းရင်းသားရေးရာ ၀န်ကြီးလုပ်နေတာကတော့...အင်မတန်ရှက်စ၇ာကောင်းပါတယ်။မလုပ်ချင်လို့...မလုပ်ရဲလို့.....ပြည်သူရဲ့ငွေတွေကိုအလကားညာထုတ်စားနေတာကတော့..တော်တော်အရှက်မဲ့တဲ့အလုပ်ပါ။မလုပ်ရဲ၇င်...မလုပ်တတ်၇င်..မသုံးလုံးဆောင်နေမဲ့အစား...ယောကျာင်္းပီပီ..အလုပ်ကထွက်လိုက်တာပိုကောင်းပါတယ်။

  1. Anonymous said... :

    ယ္ခုအခါ တပ်ဘက်သို့ပြန်လည် ကူးပြောင်းသွားသော နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး မှာ အင်းသားစစ်စစ် တဦးဖြစ်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved