လက်ပံတောင်းအစီရင်ခံစာ အကောင်အထည်ဖော်ဖို့ ကော်မတီဖွဲ့စည်း

Tuesday, March 12, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်နိုင်မယ့် ကော်မတီ ဖွဲ့စည်းမှုကို မတ်လ ၁၁ ရက်နေ့ ည ၈ နာရီ သတင်း တွင် ကြေညာသွားခဲ့ပါတယ်။ 


အဆိုပါ ဖွဲ့စည်းမှုမှာ အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး တာဝန်ပေးအပ်မှုကို ယနေ့ မတ်လ ၁၂ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြပါရှိပါတယ်။ 

ဥက္ကဋ္ဌအဖြစ် သမ္မတ ရုံး ၀န်ကြီး ဦးလှထွန်းက ဆောင်ရွက်မှာဖြစ်ပြီး ဒု ဥက္ကဋ္ဌ ၂ ဦးအဖြစ် တာဝန်ပေးခြင်း ခံရသူတွေကတော့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး နဲ့ ဦးပိုင်ရဲ့ တာဝန်ခံလို့ လူသိများတဲ့ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ပါ။

အဖွဲ့ဝင်တွေထဲမှာတော့ ပြည်ထဲရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို အပါအ၀င် ပြည်ထောင်စု ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေ ပါဝင်ပါတယ်။ 

ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တာဝန် ယူတဲ့ လက်ပံတောင်း စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြအပြီး အခုလို အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။




အိမ့်သံစဉ် ~

2 comments :

  1. May said... :

    We have already known what DASSK will decide for this issue since the time she gave the speech in Monywa. So, it shows that the answer of the commission did not depend on their findings, just upon the decision of DASSK.
    I think DASSK had some pressure to decide like that since at first. Maybe that pressure came from the government or cronies.
    Anyway, now even in the foreign media, the image of DASSK is not so good as before. If she cannot change her situation, she will sink in the political sea.
    I'd like to suggest DASSK;
    Please listen the public voice and consider thouroughly. To build the Democracy country, public is the most important.
    For a person, to be able to maintain the good reputation is the most valuable among possessing others. Please consider it.

  1. Anonymous said... :

    စုံစမ်းရေးကော်မရှင်..ပြီးတော့ ..အကောင်ထည်ဖော်ဘို့ ကော်မတီ
    ပြီးတော့ ..ဘာလာအုန်းမလဲ ..ပွင့်ပွင့်လင်းလင်းပြော ..ပွင့်ပွင့်လင်းလင်းဖြေရှင်းပါ့လား
    တခြားမကြည့်နဲ့  တရုတ်အစိုးရဘဲကြည့်
    လာဘ်စားသူတွေဆို သေဒဏ်ထိချပြစ်တာ... နို့ မုန့် ပြသာနာဘဲကြည့် သေဒဏ်
    မြန်မာပြည်မှာ လေယာဉ်ပျက်ကျပြီး လူတွေသေတာ အစိုးရနဲ့ ဘာမှမပတ်သက်သလိုပါဘဲ့
    လာဘ်စားတဲ့သူတွေလဲ ..ဘာမှမဖြစ်ပါဘူး.. အလွန်ဆုးံအပြစ်ပေးတာ တာဝန်ကရပ်ဆိုင်းလိုက်တာ
    ပွင့်လင်းမြင်သာမှုမရှိရင် ပြည်သူတွေက ဘယ်လိုလုပ်ပြီးယုံကြည်အားကိုးရတဲ့အစိုးရဖြစ်လာမှာလဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved