FEC ပြန်လဲယူဖို့ နေရာတွေ ဗဟိုဘဏ် ကြေညာ

Sunday, March 31, 2013

တချိန်က မြန်မာစစ်အစိုးရက တရုတ်နိုင်ငံကို အတုယူပြီး ဒေါ်လာ အစား အသုံးပြုခဲ့တဲ့ ယူနစ် FEC စက္ကူ 
တွေကို ဖျက်သိမ်းတော့မှာမို့ ပြန်လည် ထုတ်ယူခွင့် ပြုခဲ့ပြီး ဖြစ်ပါတယ်။ 

ရန်ကုန်က FEC လဲလို့ရမယ့် ငွေလဲ ကောင်တာ တခု၊ ဓာတ်ပုံ- ရွက်စိမ်း

FEC (Foreign Exchange Certificate) ငွေလက်မှတ် လက်ဝယ်ရှိသူတွေ ဆုံးရှုံးနစ်နာမှု မရှိစေဖို့ ဖျက်သိမ်းမယ့် သတ်မှတ်ကာလကို တိုးမြှင့်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဗဟိုဘဏ်က မတ်လ ၂၁ ရက်နေ့က ကြေညာခဲ့ပါသေးတယ်။

၁၉၉၃ ခုနှစ်တုန်းက စတင်ထုတ်ဝေခဲ့တဲ့ FEC ကို ဖျက်သိမ်းရာမှာ ၁-၄-၂၀၁၃ ရက်နေ့ အစား ၃၀-၆-၂၀၁၃ ရက်နေ့သို့ ပြောင်းရွှေ့သတ်မှတ်ပေးခဲ့ပြီး ခိုင်လုံသော အကြောင်းပြချက်နဲ့ ဆိုရင်တော့ ၁-၇-၂၀၁၃ ရက်နေ့ အစား ၃၁-၃-၂၀၁၄ ရက်နေ့အထိ အပ်နှံလဲလှယ်တာတွေကို  ဆောင်ရွက်ပေး မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အခု ဗဟိုဘဏ်က FEC တွေကို ဘယ်နေရာတွေမှာ ကျပ်ငွေနဲ့ ပြန်လည် လဲလှယ် ထုတ်ယူလို့ရမယ်ဆိုတာ ကို ကြေညာချက် ထုတ်ပြန် ထားတာ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစားတွေမှာ ဖော်ပြထားပါတယ်။ 

 ကြေးမုံသတင်းစာ။ ဤသတင်းစာဖြတ်ပိုင်းပေါ် Click လိုက်ပြီး ပုံကြီးချဲ့ကြည့်နိုင်ပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved