သင်္ကြန်သေနတ်တွေ လာပြီ

Sunday, March 31, 2013


တန်ခူးလ သင်္ကြန်ပွဲ နီးလာတာနဲ့အမျှ သင်္ကြန်နဲ့ ပတ်သက်တဲ့ မြင်ကွင်းတွေကိုလည်း စုံစုံလင်လင် မြင်တွေလာပါပြီ။ 


ဘန်ကောက်မြို့ သင်္ကြန်မြင်ကွင်းတခု (ဓာတ်ပုံ - AFP)

ဒီအထဲမှာ သင်္ကြန်ရောက်ရင်အပျော်ဆုံးဖြစ်မယ့် ကလေးတွေအတွက် သင်္ကြန်ရေကစားစရာပစ္စည်းတွေကို စတိုးဆိုင်၊ ကုန်တိုက်တွေက အစ ရပ်ကွက်ဈေးတွေမှာပါ တွေ့နေရပါတယ်။

ရေသေနတ်တွေက ကလေးတွေအကြိုက် သင်္ကြန် ရာသီစာ ဖြစ်ပါတယ်။

လူကြီးတချိုကလည်း ရေသေနတ်နဲ့ သင်္ကြန်မှာ ကဲကြ၊ ရေပက်ကြတာကိုလည်း တွေ့ဖူးကြမှာပါ။

ရေသေနတ်ရဲ့ အကြီးဆုံးသော အားသာချက်ကတော့ ရေကုန်သက်သာခြင်း ဖြစ်ပါလိမ့်မယ်။
ငွေကုန်တာတော့ သက်သာမယ်မဟုတ်ပါ။
အခု ဈေးကွက်မှာ ရေသေနတ်တွေရဲ့ ဈေးနူန်းတွေက ၁,ဝဝဝ ကနေ ၅,ဝဝဝ အတွင်း ရှိနေပါတယ်။ 

ရန်ကုန်ဈေးကွက်ထဲက ပလပ်စတစ်သင်္ကြန်ပစ္စည်းများ

ရွက်စိမ်း ~

  ဧရာဝတီ Facebook / ဧရာဝတီ Twitter

2 comments :

  1. ရေသေနတ်ရဲ့ ဈေးနှုန်းကိုလည်း ရှင်းအောင် ရေးပါဦး
    ထိုင်းဘတ်လား မြန်မာငွေလားဆိုတာပေါ့

  1. Anonymous said... :

    မြန်မာငွေပေါ့..ငတုံးရ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved