ကမ္ဘာ့မိုဘိုင်းဖုန်းပြပွဲမှာ မျက်နှာပန်းလှခဲ့တဲ့ Nokia ဖုန်းအသစ်များ

Tuesday, March 12, 2013


Nokia  ဖုန်းကုမ္မဏီဟာ စပိန်နိုင်ငံ ၊ ဘာစီလိုနာမြို့ မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့မိုဘိုင်းဖုန်းပြပွဲမှာ ပရိသတ်တွေ စိတ်လှုပ်ရှားစေမယ့် ဖုန်းအသစ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။

Nokia ဟာ သူ့ရဲ့ နာမည်ကြီး Lumia Series တွေထဲကနေ အသစ် ထွက်ရှိလာမယ့် Nokia Lumia 520 နဲ့  Nokia Lumia 720 တို့ကို အလယ်အလတ်တန်းသာ ရှိတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

Nokia ရဲ့ CEO ဖြစ်သူ စတီဖန်အီလော့ပ်က ကျနော်တို့ဟာ အဆင့်မြင့် Lumia ဖုန်းတွေကို ဈေးအတော်အသင့်သာ သတ်မှတ်ပြီး လူတွေအားလုံး အသုံးပြုနိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။
Nokia ရဲ့ ဖုန်းအသစ်တွေဟာ အခြားပစ္စည်းတွေလို ဈေးမကြီးပေမယ့် ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

 Nokia 520 နဲ့ သိကောင်းစရာ
Nokia 520 ဟာ ၀င်းဒိုး ဖုန်း ၈ အသုံးပြုထားတဲ့ ဈေးသက်သာတဲ့ ပထမဦးဆုံးဖုန်း ဖြစ်ပါတယ်။
လူတိုင်း ၀ယ်ယူအသုံးပြုနိုင်လောက်အောင် ဖန်တီးထားတဲ့ ဒီဖုန်းဟာ  အပေါစားဖုန်းတစ်လုံးနဲ့ မတူဘဲ ခန့် ညားလို့နေပါတယ်။

ကုမ္မဏီရဲ့ အမှတ်တံဆိပ် အရောင်တွေဖြစ်တဲ့ အ၀ါ၊ မိုးပြာ၊ အနီ၊ အဖြူ၊ အနက်ရောင်တွေ ရှိပြီး နှစ်သက်စရာကောင်းတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ ဖုန်းအမျိုးအစားဖြစ်ပါတယ်။

ဈေးနှုန်းချိုသာပေမယ့် ဖုန်းရဲ့ စွမ်းဆောင်ရည်တွေက အားရစရာပါ။
1-GHZ dual-core processor အသုံးပြုထားတာကြောင့် ဖုန်း  အလုပ် လုပ်ဆောင်နိုင်စွမ်း ချောမွေ့ စေသလို Windows Phone OS နဲ့ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါတယ်။

ဒီဖုန်းဟာ အခြား နာမည်ကြီး ဖုန်းတွေလို အဆင့်အမြှင့်ဆုံး နည်းပညာတွေနဲ့ ဖန်တီးထားတဲ့ဖုန်းတော့ မဟုတ်ပါဘူး၊
ဒါပေမယ့် ဆိုဒ် ၄ လက်မ ရှိတဲ့အရွယ်အစားမှာ 800x480 pixel ရှိတဲ့ မျက်နှာပြင်ရှိပြီး အသုံးပြုရတာ ကောင်းမွန်ပါတယ်။

ဒါ့အပြင် ဈေးနှုန်းနဲ့ မလိုက်အောင်ပင် ကင်မရာက 5-megapixel autofocus ဖြစ်ပြီး ဓာတ်ပုံရိုက်တဲ့သူတွေလည်း နှစ်ခြိုက်မှာပါ။
တခြား ကင်မရာ စွမ်းဆောင်ရည်တွေဖြစ်တဲ့ cinemagraph , panorama , smart shoot ရိုက်ချက်တွေကို Nokia Lumia Series မှာ အဆင့်မြင့်ဆုံးဖြစ်တဲ့ Lumia 920 မှာလိုပဲ စွမ်းဆောင်နိုင်ပါတယ်။

ဖုန်းရဲ့ သိုလှောင်မှုမှတ်ဥာဏ်ပမာဏကတော့ 8GB ရှိပြီး micro SD card ကို 64 GB အထိ ထည့်လို့ရတာကြောင့် အချက်အလက်များများ ထည့်ချင်တဲ့သူတွေ အဆင်ပြေစေမှာပါ။

နောက်ထပ်ပါရှိတဲ့စွမ်းဆောင်ရည်တွေကတော့ Nokia ရဲ့ နာမည်ကြီး Software တွေဖြစ်တဲ့ maps , voice-guided turn-by-turn စနစ်တွေလည်း ပါဝင်ပါတယ်။
ဒီ Nokia Lumia 520 ဟာ  ၁၈၄ ဒေါ်လာ လောက်သာ ရှိတာကြောင့် မြန်မာကျပ်ငွေ ၁ သိန်းခွဲ ကျော်မျှသာ ကျသင့်နိုင်ပါတယ်။

Windows Phone 8 OS ကို အသုံးပြုချင်တဲ့သူတွေအတွက်တော့ ဈေးသက်သာစွာ နဲ့  စိတ်ကျေနပ်မှု ရစေနိုင်တဲ့ ဖုန်းလို့ နည်းပညာသမားတွေက သုံးသပ်နေကြပါတယ်။


Nokia 520 ကြော်ငြာ ဗီဒီယို 

Nokia 520 Specfications:

•    WCDMA / HSPA+ 21Mbps 900/2100, 850/1900/2100; GSM / EDGE 850/900/1800/1900
•    5MP rear camera, 30fps 720p video record
•    119.9 x 64 x 9.9mm
•    124g
•    1GHz dual-core Snapdragon CPU
•    512MB RAM
•    8GB onboard storage, microSD up to 64GB
•    4.0-inch WVGA IPS LCD display, 2D hardened glass, super sensitive touch for glove use
•    1,430mAh battery
•    WLAN IEEE802.11 b/g/n, Bluetooth 3.0, Integrated aGPS, 3.5 mm audio connector, micro-USB with charging, USB 2.0 High Speed

Nokia 720 နဲ့ သိကောင်းစရာ


ဒီဖုန်း ကတော့ Nokia Lumia 520 ထက် မော်ဒယ်ပိုမြင့်ပြီး ဈေးနှုန်းလည်း အနည်းငယ် ပိုကြီးပါတယ်။
ဒီပုံရဲ့ စွမ်းဆောင်ရည်တွေဟာ Nokia ရဲ့ 920 နဲ့ 620 မော်ဒယ်တွေကြားမှာရှိပြီး အဆင့်မြင့်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့ဖုန်း ဖြစ်ပါတယ်။
ဒီဇိုင်းတည်ဆောက်ပုံအရ သီးခြားခွဲထွက်နေပြီး Nokia ရဲ့ ကိုယ်ပိုင်ဟန် အပြည့် ရှိနေပါတယ်။


ဖုန်းမျက်နှာပြင် ၄.၃ လက်မရှိပြီး  မှန်သားပြင်ကြည်လင်မှုက 800x480 pixel ရှိပါတယ်။
ဖုန်းရဲ့ processor ကတော့ 1-GHz dual-core processor ဖြစ်ပြီး Lumia 520 နဲ့ တူညီပါတယ်။

ဒါ့အပြင် ဒီဖုန်းမှာ 6.7 megapixel ကင်မရာ ပါရှိပြီး Carl Zeiss lens ပါရှိတာကြောင့် ဓာတ်ပုံရိုက်လျှင် ကောင်းမွန်တဲ့ ဓာတ်ပုံတွေ ရိုက်နိုင်မှာပါ။
Nokia ဟာ သူရဲ့ applications တွေကိုလည်း ပိုမို တိုးတက်လာအောင် ပြုလုပ်နေပြီး ထူးခြားတဲ့ နည်းပညာအသစ်တွေကိုလည်း ထည့်သွင်းဖို့ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီဖုန်းရဲ့ ထူးခြားချက်တခုကတော့ Nokia 920 မှာလို Wireless Charging စနစ် ပါဝင်ပါတယ်။
ဈေးနှုန်းအနေနဲ့ ကတော့ အမေရိကန် ဒေါ်လာ ၃၂၀ ကျသင့်မှာဖြစ်ပြီး အခြား Andriod သုံး တန်ဖိုးနည်းဖုန်းတွေရဲ့ ဈေးကွက်ကို လုယူဖို့ တာစူနေပါတယ်။


Nokia 720 ကြော်ငြာ ဗီဒီယို 

Nokia Lumia 720 Specificaitions

•    Chipset: Qualcomm MSM8227
•    Processor: 1GHz Dual-Core
•    GPU: Adreno 305
•    Battery: 2,000mAh
•    Primary Camera: 6.7 megapixel with LED flash and Carl Zeiss Optics
•    Secondary Camera: 1.3 megapixel
•    Weight: 128 grams
•    Dimensions: 127.9 x 67.5 x 9 mm
•    Main Display: 4.3-inch IPS LCD display with 800 x 480 pixel resolution
•    In-Built Storage: 8GB
•    RAM: 512MB

Nokia 520 နဲ့  720 ဖုန်းတွေဟာ လတ်တလော အချိန်မှာ လူကြိုက်များနေတာကြောင့် အွန်လိုင်းကနေတဆင့် စတင် မှာယူနေကြပါပြီ။
ဥရောပက အင်္ဂလန်၊ ဂျာမနီနိုင်ငံတွေမှာ ရေပန်းစားနေသလို အာရှထဲက အိန္ဒိယနဲ့ ဗီယက်နမ်မှာလည်း ၀ယ်လိုအား မြင့်တက်နေပါတယ်။
မြန်မာ ပြည်ဈေးကွက် အတွင်းမှာတော့ ဈေးပေါပေါ နဲ့ ရောင်းချနေတဲ့ တရုတ်အမျိုးအစား ဖုန်းတွေအစား အရည်အသွေး ကောင်းမွန်ပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့  ထွက်ရှိလာတဲ့၊ Windows Phone 8 OS အသုံးပြုထားတဲ့ Nokia ဖုန်းတွေကို နောက် ၃ လ လောက်မှာ စတင် ၀ယ်ယူနိုင်ဖို့ရှိပါတယ်။

Source:

  • http://www.pcmag.com/article2/0,2817,2415826,00.asp
  • http://mashable.com/2013/02/25/nokia-lumia-520-and-720/

ဆောင်းဦးလင်း ~

Nokia ဖုန်းအကြောင်း ခွင့်တောင်းပြီး ကူးယူ ဖော်ပြနိုင်ပါတယ်။
ဖော်ပြတဲ့အခါ အင်တာနက်လိပ်စာ (လင့်)ကို အပြည့်အစုံ ထည့်ပေးရမှာပါ။
ဒီပို့စ်ရဲ့ လင့်ကတော့ http://blog.irrawaddy.org/2013/03/nokia.html   ဖြစ်ပါတယ်။
 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved