ဦးရဲထွဋ် ပြောထားတဲ့ မိုဘိုင်းဖုန်း ဆင်းကတ်အကြောင်း

Tuesday, March 12, 2013

မိုဘိုင်း တယ်လီဖုန်းကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရှင်းလင်းထားပါတယ်။ 


"သတင်းဂျာနယ်အချို့မှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆင်းကဒ်များကို နှစ်သောင်း ကျပ်နဲ့ ရောင်းချပေးမယ်လို့ ပြောကြောင်း ကိုးကားရေးသားနေတာကို တွေ့ရပါတယ်။ ၀န်ကြီး ဦးစိုးသိမ်း အနေနဲ့ အဲဒီလို လုံးဝပြောကြားခဲ့ခြင်းမရှိဘဲ ဆင်းကဒ်များကို ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း မှာ ပိုမို "သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ သာပြောကြားခဲ့ခြင်း ဖြစ် ကြောင်း အသိပေးအပ် ပါတယ်။" လို့ ဦးရဲထွဋ်က ဆိုထားပါတယ်။ 

ဒီစကားကို ထောက်ရှုရင် လာမယ့် တန်ဘိုးနည်း မိုဘိုင်းဖုန်း ဆင်းကတ်တွေရဲ့ တန်ဘိုးဟာ ကျပ် ၂ သောင်း ဆိုတာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တာပါ။ 

ဒီတော့ ဘယ်ဈေးနဲ့ ရောင်းချပေးသွားမလဲ ဆိုတာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved