UN လက်မှတ်ရ ဒုက္ခသည်တွေအတွက် အမေရိကန်အိပ်မက်

Thursday, March 7, 2013

နို့ဖိုး ဒုက္ခသည် စခန်းက ကုလသမဂ္ဂနဲ့ ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနတို့ကနေ ဒုက္ခသည်အဖြစ် အသိ အမှတ်ပြု လက် မှတ် လက်ဝယ်ရထားပြီးသူများကို အမေရိကန် ပြည်ထောင်စုမှာ ပြောင်းရွှေ့အခြေချ လိုပါက ၃ လ အတွင်း လျှောက် ထားနိုင်တယ်လို့ အမေရိကန် သံတမန်တွေက ပြောလိုက်ပါတယ်။ 


အမေရိကန် သံကိုယ်စားလှယ်အဖွဲ့ တဖွဲ့ဟာ ထိုင်းနိုင်ငံ နိုဖိုးဒုက္ခသည်စခန်းကို မတ်လ ၅ရက်နေ့က ရောက် လာပြီး အဲဒီလို ပြောဆိုခဲ့တာဖြစ်တယ်လို့ နို့ဖိုး ဒုက္ခသည်စခန်းက နှစ်ရှည် ဒုက္ခသည် တဦးဖြစ်တဲ့ ရဟန်းတော် ဦးသူရိယ ခေါ် ဦးဂျပန်ကြီးက ဧရာဝတီကို ပြောပါတယ်။ 

 “အမေရိကန်ကို သွားဖို့ ဦးဇင်းကိုတော့ လာမယ့် မေလ မှာ သွားရမှာလို့ သူတို့က ပြောတယ်”လို့ ဦးသူရိယက ပြောပါ တယ်။ 

အခုလို ကုလနဲ့ ထိုင်းအစိုးရတို့ရဲ့ အသိအမှတ်ပြုလက် မှတ်ရထား သူတွေ အနေနဲ့ အမေရိကန် ပြည်ထောင်စုကို ပြောင်း ရွှေ့အခြေချဖို့ ဖြစ်လာပေမယ့် ဒုက္ခသည်စခန်းအများစုမှာ လူသစ်လို့ ခေါ်တဲ့ ၂၀၀၆ ခုနှစ်နောက်ပိုင်း ရောက်လာတဲ့ ဒုက္ခသည်တွေအတွက်တော့ မျှော်လင့်ချက် မဲ့နေပါသေးတယ်။ 

ဒုက္ခသည်စခန်းတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်စခန်းတွေမှာ ရောက်လာကြတဲ့ ဒုက္ခ သည် 
တွေကတော့ အခုအချိန်ထိ ဒုက္ခတွေ တလှေကြီးကို စုပုံထမ်းပိုးနေရဆဲဖြစ်ပါတယ်။ မကြာသေးမီက နို့ဖိုး ဒုက္ခသည်စခန်းမရောက်မီ အုန်းပြန့်ဒုက္ခသည်စခန်းတွင်းက သူတို့ ဘ၀ အခြေအနေတွေကို ဓာတ်ပုံ မှတ်တမ်း  ရိုက်ဖြစ်ခဲ့ပါတယ်။ ဒါကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

  အိမ့်သံစဉ် ~


 တတိယ နိုင်ငံ တခု ခု မှာ ပြန်လည် အခြေချ နေထိုင်ရေး လုပ်ငန်းစဉ်များပြ ပိုစတာများ၊ အုန်းပြန့် ဒုက္ခသည်  စခန်း



ဘော်လုံးချစ်တဲ့ ဒုက္ခသည်စခန်းက ကလေးတဦး 


အမှိုက်ကောက်ပြီး ဘ၀ ရုန်းကန်နေပေမယ့် လောကကြီးကို အေးဆေးပါတဲ့
စတိုင်ကျကျ ဆံပင်တွေ ညှပ်ပေးရင်း အသက်မွေးဝမ်းကျောင်းနေတဲ့ ဆံသ လူငယ်တဦးနဲ့ သူ့ရဲ့ စတိုင် ဆံသဆိုင်၊  ဓာတ်ပုံ-အိမ့်သံစဉ်(ဧရာဝတီ)



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved