လွတ်မြောက်နေတဲ့ ဘော့စတွန် ဗုံးခွဲသံသယရှိသူကို ဖမ်းမိပြီ

Saturday, April 20, 2013

လွန်ခဲ့တဲ့ တနင်္လာနေ့က အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့ မာရသွန်ပြေးပွဲမှာ လူ ၃ ဦး သေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့စေတဲ့ ဗုံးဖောက်ခွဲမှုမှာ တရားခံဖြစ်တယ်လို့ သံသယဖြစ်ပြီး ထွက်ပေးလွတ်မြောက်နေသူကို အခု ဖမ်းမိသွားပါပြီ။ 


 ဓာတ်ပုံ- newsbusters.org 

ချေချင်ညာကနေ အမေရိကန်ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လာရောက်အခြေချ ခိုလှုံနေပြီး တက္ကသိုလ်တက်ရောက်နေသူ ညီအကို ၂ ဦးထဲက အသက် ၁၉ နှစ်ရှိ Dzhokhar Tsarnaev ကို ရဲတွေ က သောကြာနေ့က ဖမ်းဆီးရမိလိုက်တာဖြစ်ပါတယ်။ 

Water town မြို့ဆင်ခြေဖုံးတနေရာမှာ လှေတခုအတွင်း ပုန်းအောင်းနေတဲ့ Dzhokhar Tsarnaev ကို ဖမ်းဆီးရမိလိုက်တာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ 

တချို့သတင်းတွေမှာ သူ့ကို ကိုယ်တုံးလုံး ဖမ်းဆီခေါ်ဆောင်သွားပြီလို့ သိရပါတယ်။ ဒါပေမယ့် သူ ဟာ သေနတ်ဒဏ်ရာ ရသလား မရဘူးလားဆိုတာတော့ သဲသဲကွဲကွဲမရှိသေးပါဘူး။ 

ယမန်နေ့ကတော့ သူ့ရဲ့ အကိုဖြစ်သူ အသက် ၂၆ နှစ်အရွယ် Tamerlan ကတော့ ကြာသပတေးနေ့က ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ 

ဘော်စတွန် ချေချင် ဆယ်ကျော်သက် ညီအကို ၂ ဦးရဲ့ ဖခင်ဖြစ်သူကတော့ မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ သားတွေကို အဖွဲ့အစည်းတခုခုက စနစ်တကျ ဖျားယောင်းသွေးဆောင် ပုံသွင်းပြီး အကြမ်းဖက်လုပ်ငန်း လုပ်ကိုင်စေခဲ့တာလို့ ပြောပြီး ဦးလေး ဖြစ်သူကတော့ အခုလုပ်ရပ်အတွက် အလွန်တုန်လှုပ်မိပြီး ထိခိုက် ဒဏ်ရာရသွားသူတွေအတွက်လည်း ၀မ်းနည်းစကား ဆိုသွားခဲ့ပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved