သမ္မတနဲ့ သမ္မတ ပြောခွင့်ရတို့ရဲ့ နှစ်သစ်ကူး ဆုတောင်း

Wednesday, April 17, 2013

သမ္မတနဲ့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တို့ရဲ့ နှစ်သစ်ကူး ဆုတောင်းတွေပါ။ 

သမ္မတရဲ့ ပြောခွင့်ရ လည်းဖြစ်၊ ဒု ပြန်ကြားရေး ၀န်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က နှစ်သစ်ကူး ဆုတောင်းကို အခုလို ရေးထားပါတယ်။ 



မဟာသင်္ကြန်ကာလကို လူမျိုး၊ဘာသာမရွေး နိုင်ငံသားအားလုံးက မေတ္တာတရားကို အခြေခံ ပြီး အေးချမ်း စွာဖြတ်သန်းခဲ့ကြပါပြီ။ ဒါ့ကြောင့် ပြီးခဲ့တဲ့နှစ်က ကြုံတွေ့ခဲ့ရတဲ့ စိတ်ဝမ်းကွဲမှုတွေ၊ ပဋိပက္ခဖြစ်မှုတွေနဲ့ မတည်ငြိမ်မှုတွေဆိုတဲ့ အမည်းစက်တွေကို အတာသင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်ခဲ့ပြီး တဲ့နောက် မင်္ဂလာရှိတဲ့ ကိစ္စရပ်တွေ၊ ပျော်ရွှင်ဖွယ် ကိစ္စရပ်တွေ၊ တည်ငြိမ်အေး ချမ်းရေးကို ဦးတည်တဲ့ ကိစ္စရပ်တွေနဲ့ ပြည့်လွမ်းနေတဲ့ မြန်မာနိုင်ငံအဖြစ် နိုင်ငံတကာက မြင်တွေ့ရအောင် ကျွန်တော် တို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့။   ( ဦးရဲထွဋ် ဖေ့စ်ဘုတ်)


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved