နေ့ပြော နောက်ကြည့်

Tuesday, April 2, 2013


မျက်နှာကို ပလပ်စတဆာဂျရီနည်းနဲ့ ခွဲစိပ်ပြုပြင်အပြီးမှာ ဒေါ်အနောနမတ်စ်   ဆေးရုံဆင်းလာပါတယ်။
သူ့ရဲ့ မူလအသက် ၄၂ နှစ်ကနေ ဘယ်လောက်များ ငယ်သွားတယ် ထင်ရလဲလို့ သိချင်လာတယ်... ...
ဒါနဲ့ လမ်းမှာ တက်စီ ငှားစီးလာတော့ ကားဆရာကို မေးကြည့်တယ်... ...
"ဒီမှာရှင့် ကားဆရာကြီး၊ ကျမအသက် ဘယ်လောက်ရှိပြီလဲ မှန်းကြည့်စမ်းပါ"

ကားဆရာက လှည့်ကြည့်ပြီး ပြောတယ်... ...
"အင်း.... အလွန်ရှိလှ ၃ဝ ပေါ့ဗျာ"... တဲ့

"မဟုတ်ဘူးရှင့်၊ ကျမအသက် ၄၂ နှစ်နဲ့ ၃လ"
သူ တော်တော်ကျေနပ်သွားတယ်

တခါ မက်ဒေါ်နယ်ဟမ်ဘာဂါဆိုင်မှာ တန်းစီရင်း သူ့အလှည့်ရောက်တော့ အရောင်းစာရေးလေးကို မေးကြည့်ပြန်တယ်... ..
"မောင်လေးရေ... မမအသက် ဘယ်လောက်ရှိပြီလဲ၊ ခန့်မှန်းကြည့်စမ်းပါ"

ကောင်လေးက သူ့ကို သေချာကြည့်ပြီးပြောတယ်.. ...
"အင်း... ကျနော် မမှားဆိုရင် ၂၈၊ ၂၉ ဘဲ"

"မှားတယ်ကွဲ့၊ မမအသက် ၄၂ နှစ်နဲ့ ၃လ ရှိပြီ၊ ဟင်း ဟင်း"
တော်တော်လေးကို ကျေနပ်သွားပြန်တယ်... ...

နောက်ဆုံး အိမ်ပြန်လမ်းမှာ ဘတ်စ်ကားစီးလာတော့ ကားပေါ်မှာ ဦးလေးကြီးတယောက်ကို တွေ့တာနဲ့ မေးကြည့်ပြန်တယ်.. ...
"ဦးလေး၊ ကျမ အသက် ဘယ်လောက်လဲ မှန်းကြည့်စမ်းပါ"

ဒီတော့ ဦးလေးကြီးက ပြန်ပြောတယ်... ...
"ဦးက မျက်စိ သိပ်မမြင်ရဘူးကွဲ့၊ ဒါပေမယ့် မင်းရဲ့ ရင်သားတွေကို ကိုက်ကြည့်ရရင်တော့ ဘယ်အရွယ်လဲ ပြောနိုင်ပါတယ်"
အင် အဲ...ဘယ့်နှာကြီးပါလိမ့်၊

ဘေးဘီလှည့်ကြည့်တော့လည်း ကားတစီးလုံးမှာ ခရီးသည်ဆိုလို့ သူမနဲ့ ဦးလေးကြီး နှစ်ယောက်ပဲ ရှိတာ... ...
ဦးလေးကြီးရဲ့ ထူးဆန်းတဲ့ ခန့်မှန်းချက်ကိုလည်း သိချင်တာနဲ့ သဘောတူလိုက်တယ်... ...
"ကဲ... ကဲ ဦးလေး၊ ဒါဆိုလည်း လာ.. လာ၊ လူရှင်းတုန်း မြန်မြန်လာကိုက်လှည့်၊ ပြီးတာနဲ့ ခန့်မှန်းပေတော့"

ဒါနဲ့ ဦးလေးကြီးက သူလုပ်စရာ လုပ်တယ်...
ပြီးတော့ ပြောတယ်... ...
"မင်းရဲ့ အသက်၊ ၄၂ နှစ်နဲ့ ၃လ"
"ရှင်... ...."

အရမ်းအံ့သြသွားတယ်... ...
တော်တော် ထူးဆန်းတာပဲနော်
ဘယ်လို အတတ်ပညာပါလိမ့်...

မနေနိုင်တာနဲ့ ဦးလေးကြီးကို မေးကြည့်မိတယ်
"ထူးဆန်းပါပေ့ ဦးလေးရယ်၊ ရင်သားကို ကိုက်ကြည့်ရုံလေးနဲ့ အသက်ကို အတိအကျ ပြောနိုင်တာ၊ အံ့သြမိပါရဲ့"

ဒီတော့ ဦးလေးကြီးက အခုလို ပြန်ပြောလိုက်တယ်... ...
"ဒီလောက်ကြီးလည်း မဟုတ်ပါဘူးလေ၊ ခုန ဟမ်ဘာဂါဆိုင်မှာ မင်းနောက်က တန်းစီနေတာ ငါကွ".... တဲ့။

အားလုံး နည်းနည်းလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ

သန်၎ကို ~





  ဧရာဝတီ Facebook / ဧရာဝတီ Twitter

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved