ကြမ်းတမ်းတဲ့ အပြုအမူအတွက် အဂူရို တောင်းပန်

Wednesday, April 17, 2013




FA ဖလား ဆီမီးဖိုင်နယ်မှာ ချယ်လ်ဆီး ကစားသမား ဒေးဗစ်လူးဝစ်ကို ခြေစုံပစ်ဝင်ခဲ့မိတဲ့ ကိစ္စအတွက် မန်စီးတီး တိုက်စစ်မှူး ဆာဂျီယို အဂူရိုက သူ့ရဲ့ Twitter စာမျက်နှာကတဆင့် ဒေးဗစ်လူးဝစ်ကို တောင်းပန်ခဲ့ပါတယ်။

ဒီလိုတောင်းပန်မှုနဲ့ ပတ်သက်ပြီး ဒေးဗစ် လူးဝစ် ကလည်း လက်ခံကြောင်း သူ့ရဲ့ Twitter စာမျက်နှာကတဆင့် ပြန်လည် ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။

FA ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ချယ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ တနင်္ဂနွေနေ့ညက ကစားခဲ့ကြပြီး ယင်းပွဲစဉ်အတွင်း လူးဝစ်နဲ့ အဂူရိုတို့ ဘောလုံးယှဉ်အလုမှာ လဲကျသွားတဲ့ လူးဝစ်အပေါ်ကို အဂူရိုက အန္တရယ်များတဲ့ ခြေစုံပစ်ဝင်မှုမျိုး ပြုလုပ်ခဲ့ပါတယ်။


ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး အဂူရိုကို ခွင့်လွှတ်နိုင်ကြောင်း၊ အဂူရိုအနေနဲ့ မတော်တဆ ဒါမှမဟုတ် မှားယွင်းကြောင်း တောင်းပန်သင့်ကြောင်း လူးဝစ်က မီဒီယာတွေကနေတဆင့် ပြောဆိုခဲ့ပြီးတဲ့နောက် အဂူရိုက အခုလို Twitter စာမျက်နှာကတဆင့် လူသိရှင်ကြား တောင်းပန်လိုက်တာဖြစ်ပါတယ်။

ဒီဖျက်ထုတ်မှုဟာ အန္တရယ်များပေမယ့် ဒိုင်လူကြီး ခရစ်ဖွိုင်က ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပေးခဲ့တဲ့ အတွက် FA ကလည်း တစုံတရာ အရေးယူမှု ပြုလုပ်မှာ မဟုတ်ဘူးလို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ မန်စီးတီးအသင်းက ချယ်ဆီးအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး နောက်ဆုံးဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

ကျော်ခ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved