ရှမ်းပြည်နယ်- မန္တလေးတိုင်းဒေသကြီး စပ်ကြားတွင် ဂိတ်ပိတ်ခြင်း ဖြစ်ပွားခဲ့

Tuesday, April 9, 2013

ယမန်နေ့ညက သစ်ထူးလွင် အင်တာနက်စာမျက်နာတွင် ဖော်ပြထားသည့်ရွှေတောင်ရိုးကားအား သာစည်မြို့နယ် ညောင်ပင်ထောင် အရောက်တွင်လူလေးဦးတားမြစ် အနုကြမ်းစီး သတင်းမှာ မဟုတ်မှန်ကြောင်း ရွှေတောင်ရိုး ကားဂီတ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။ 



ဖြစ်စဉ်အမှန်မှာ…………………… 

 ၁။ ၂၀၁၃ ခုနှစ် ဧပြီလ ( ၅ ) ရက်နေ့ မနက် ( ၀၀း၃၀ ) နာရီခန့်က ရှမ်းပြည်နယ်- မန္တလေးတိုင်းဒေသကြီး ယင်းမာပင်အနီးတွင် လုံခြုံရေးအရ ခရီးသည်တင်ယာဉ်လိုင်းများ၊ ကုန်တင်ကားကြီးများ၊ မော်တော် ဆိုင်ကယ် များအား အ၀င်အထွက် မပြုလုပ်ရန် ဂိတ်ပိတ်ထားခဲ့တယ်လို့ သိရှိရပါတယ်။ 

၂။ အဆိုပါ ယာဉ်များ ဂိတ်ပိတ် ရပ်နားခံရခြင်းနှင့် ပတ်သတ်၍ ရန်ကုန်-တောင်ကြီး၊ မန္တလေး-တောင်ကြီး သို့ ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးကတော့ ခါတိုင်း ဒါမျိုး မဖြစ်ဖူး ဘူး၊ အခုလို ဂိတ်ဝင်ခွင့်မရတော့ တောင်ကြီးကနေတဆင့် ရှမ်းပြည်နယ် အရှေ့ပိုင်းကို ခရီးဆက်ကြမယ့် ခရီးသည်တွေ၊ လုပ်ငန်းခွင် အချိန်မီ ၀င်ရောက်ဖို့လိုအပ်တဲ့ ခရီးသည်တွေ၊ ကုန်ပစ္စည်းအမှာတွေ အတွက် အခက်ခဲတွေဖြစ်သွားတယ်။ မနက် ( ၅း၃၀ ) လောက်မှာမှ ဂိတ်ပြန်ဖွင့်ပေးတော့ တောင်ကြီးကို မနက် ( ၁၁း၀၀ ) နာရီလောက်မှ ရောက်တယ်။ ဒီအတွက် ခရီးသည်တွေမှာလည်း စိတ်အနှောက်အယှက်ဖြစ် ရတယ်။ တစ်ကယ်လို့များ အခိုလို ပိတ်ခြင်းတွေ ရှိမယ်ဆိုရင်လည်း ခိုင်မာတဲ့ ထုတ်ပြန်ချက်မျိုး ရှိရင်ကောင်းမယ်။ 
အခုလို လက်တန်းထုတ်ပြန်တာမျိုးကတော့ လက်ခံနိုင်ဖို့ ခက်တယ်။ ဘာလို့လဲဆိုတော့ အခုကာလက သင်္ကြန်ကာလနီးနေပြီဆိုတော့ တောင်ကြီးမြို့ပေါ်မှာရှိတဲ့ ခရီးသည်တင် မော်တော်ယာဉ်လိုင်း ( ၂၀ ) ကျော်တွေမှာ ကြိုရောင်း လက်မှတ်တွေနဲ့လည်း ခရီးသည်တွေ ပြည့်နေပြီ လို့ ပိတ်ထားတာဖြစ်တယ် လို့ ရွှေတောင်ရိုး ကားဂီတ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။ 

၃။ ယင်းမာပင်က အဝေးပြေးယာဉ်တွေ ရပ်နားတဲ့ စားသောက်ဆိုင်ကို ဆက်သွယ်မေးမြန်းကြည့်တော့ ဒီကနေ့လည်းပဲ မနက် ( ၆ ) နာရီ ၊ ည ( ၆ ) နာရီ၊ ဂိတ်ပိတ်ထားအုံးမယ်လို့ သတင်းကြားတယ် လို့ ပြောပြခဲ့ပါတယ်။ 

မိတ္ထီလာမြို့နယ်က တာဝန်ရှိသူတစ်ဦးကတော့ ဒီကနေ့ကစပြီး ပုံမှန်ပြန်ဖြစ်သွားပြီ။ ဂိတ်ပိတ်တဲ့ အခြေအနေတွေ မရှိတော့ဘူး။ မနက်က ဂိတ်ပိတ်တယ်ဆိုတာကလည်း ရှမ်းပြည်နယ် အထွက် ပျဉ်ညောင် ဂိတ်နဲ့ အ၀င် ကျွဲတပ်ဆုံဂိတ်တွေကို လုံခြုံရေးအရ ပိတ်ထားတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ 

ယင်းသတင်းတွင်ဖော်ပြထားသည့် ဓာတ်ပုံမှာလည်း ရန်ကုန်တွင်ဧပြီ ၃ ရက်နေ့က ရပ်နားထားသည့် ကား သာဖြစ်ကြောင်း ၊၊မောင်းသူမှာလည်း အင်တာနက်တွင် ဖော်ပြထားသလို ကုလားမဟုတ်ကြောင်း၊ တရုတ်မြန်မာ ကပြားသာဖြစ်ကြောင်း ပြည်သူများအား အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ပြီး ရေးသား လွင့်တင်ထား ခြင်းသာဖြစ်ကြောင်း ပိတ်ထားတာဖြစ်တယ်လို့ရွှေတောင်ရိုး ကားဂီတ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။ 

 ဧပြီ ၄ရက်နေ့က မန္တလေး မှတောင်ကြီးသို့ပြန်ရန် ရွှေတောင်ရိုးကားနှင့် လိုက်ပါလာသည့် တောင်ကြီး 
ဒေသခံ သတင်းထောက် တစ်ဦးဖြစ်သူ ဂျွန်ချစ်ငြိမ်း ကပြောကြားရာတွင် ကျနော် ကိုယ်တိုင် ရွှေတောင်ရိုး ကားနဲ့ ပြန်လာတာပါ၊ မိထ္ထီလာ ရွှေအုန်းပင်မှာတောင် ထမင်းစားရပ်နားပေးပါတယ်..၊ ဘာမှမဖြစ်ပါဘူး..၊ သာစည်မြို့နယ် ညောင်ပင်ထောင် ရောက်တော့ လုံခြုံရေးအခြေအနေအရ နေပြည်တော်က လာတဲ့ကားတွေကော၊ ရန်ကုန် ကလာတဲ့ကားတွေကော၊ မန္တလေးကလာတဲ့ကားတွေကော ပေး မဖြတ်ပါ ဘူး၊ ကားအားလုံး လမ်းမှာရပ်နားခဲ့ရတာပါ၊ နံနက် ၅း၃၀မှပြန်ဖွင့်ပေးတာ ကျနော့်ကိုယ်တွေ့ဖြစ်ကြောင်း 
ပြောဆိုသွားသည်။ 

ပြည်သူများအနေဖြင့် သတင်းဖြစ်စဉ်များအား လေ့လာရာတွင် အခြေအမြစ်မရှိသည့် အင်တာနက် စာမျက်နာများအား မယုံကြည်ပဲ ဂျာနယ်စာစောင်များ၊ သတင်းအမှန်ဖော်ပြသည့် ပုဂ္ဂလိက သတင်းစာများ သာဖတ်ရှုသင့်ကြောင်း ယင်းကထပ်မံပြောကြားသည်။ 











ခမ်းမြတ်(ရှမ်းပြည်) ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved