ဗြိတိန် ၀န်ကြီးချုပ်ဟောင်း Iron Lady မာဂရက်သက်ချာ ကွယ်လွန်

Monday, April 8, 2013

ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် မာဂရက်သက်ချာဟာ ယနေ့ တနင်္လာနေ့မှာဘဲ ကွယ်လွန် သွားပြီလို့ သူ့ရဲ့ ပြောရေးဆိုခွင့် ရှိသူက ကြေညာလိုက်ပါတယ်။ 

မာဂရက်သက်ချာ၊ ဓာတ်ပုံ- telegraph.co.uk

လေဖြတ်ရောဂါဝေဒနာခံစားနေရတဲ့ မာဂရက်သက်ချာဟာ ယနေ့ တနင်္လာနေ့ က အသက် ၈၇ နှစ်အရွယ် မှာ ကွယ်လွန် သွားတာဖြစ်တယ်လို့ The Telegraph သတင်းစာကြီးက ရေးသားဖော်ပြထားပါတယ်။ 

ကမ္ဘာ့နိုင်ငံရေး စင်မြင့်မှာ သံမဏိ အမျိုးသမီး Iron Lady လို့ နာမည်ကြီးသူဖြစ်ပြီး အာဂျင်တီးနား နဲ့ ဖောက်ကလင် ကျွန်း အရေးကိစ္စမှာ ဗြိတိန်ရဲ့ တချိန်က တန်ခိုးသြဇာကို ပြန်လည်ဖွင့်လှစ်ပြသခဲ့ရာမှာ သက်ချာ ဟာ နာမည်ကြီးပါတယ်။ 

မာဂရက် သက်ချာဟာ ဥရောပ သမဂ္ဂဆိုတဲ့ ဥရောပနိုင်ငံတွေ ပေါင်းစည်းရေးအတွက်အတွက်လည်း အခြေခံ အုတ်မြစ်ချတဲ့ သူတွေထဲ ပါဝင်ခဲ့သူတဦး ဖြစ်ပြီး စစ်အေးခေတ်မှာ သူနဲ့ ခေတ်ပြိုင် အမေရိကန် သမ္မတ မစ္စတာ ရော်နယ် ရေဂင်၊ ရုရှား ဆို ဗီယက် ၀န်ကြီးချု့ပ် မစ္စတာ မီခေး ဂေါ်ဘာချော့ဗ် တို့နဲ့ အတူ ကမ္ဘာ့ နိုင်ငံရေး စင်မြင့်မှာ ၁၉၈၃ ခုနှစ် ဗြိတိန် ၀န်ကြီးချုပ်ဖြစ် လာကတည်းက ထင် ရှားခဲ့သူလည်းဖြစ် ပါတယ်။ 


အိမ့်သံစဉ် ~


မာဂရက်သက်ချာနဲ့ပတ်သက်လို့ သူ့အထ္ထုပတ္တိကို ရေးသားနေသူ Punny ပြောတာလေးကိုလည်း အမှတ်တရအဖြစ် ဧရာဝတီက ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved