လူမှားလို့ပါ

Sunday, April 21, 2013



လူငယ်တစ်ယောက်သည် ပိုက်ဆံပြတ်သဖြင့် ရုပ်ဖျက်ပြီး တောင်းစားရန် ဆုံးဖြတ်လိုက်သည်။

ဟောင်းနွမ်း စုတ်ပြတ်သော အ၀တ်အစားကိုဝတ်ကာ ရန်ကုန်ဘူတာကြီးသို့သွား၏။
...
အားလုံးမြင်သာသည့်နေရာတွင် ထိုင်ပြီး ဦးထုပ်ကို ပက်လက်အနေအထားဖြင့် ရှေ့တွင်ချကာ စ တောင်းရန်ပြင်၏။

ထိုစဉ် ခပ်လှမ်းလှမ်း မှ အမျိုးသမီးငယ် တယောက်လျှောက်လာသည်ကိုမြင်သည်။

ဈေးဦးပေါက်တော့မည်ဟု တွေးကာ အားတက်သွား၏။

သို့သော်.....အနားရောက်တော့မှ မိမိ ချစ်သူ ဖြစ်နေသည်ကိုတွေ့လိုက်ရရာ ခြေဖျားလက်ဖျားများအေးစက်ကုန်၏။

ထပြေးချင်သည်။ သို့သော် အချိန်မရှိတော့။

အမျိုးသမီး သည် လူငယ်၏ ရှေ့တွင်သေချာလာရပ်ပြီး မျက်နှာကိုသေသေချာချာစိုက်ကြည့်သည်။

ထို့နောက် အံသြသံဖြင့်..."..ရှင့်ကြည့်ရတာ ကျမချစ်သူနဲ့ အရမ်းတူတာပဲ။ တူ တာမှ ချွတ်စွတ်ပါပဲရှင်..."

အသံကို ထိန်းပြီး လူငယ်က ပြန်ပြောသည်။

" ခင်ဗျား လူမှားလို့ဖြစ်ပါလိမ့်မယ် "

" ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ရှင်......သေချာအောင် သူ အိမ်မှာ ရှိမရှိ သွားကြည့်လိုက်ပါဦးမယ် "

အမျိုးသမီးထွက်သွားသည်နှင့် လူငယ်သည် အရင်ဦးအောင် အိမ်သို့ပြေးသည်။

ရောက်ရောက်ချင်း ကမန်းကတန်း ရေချိုးကာ အ၀တ်အစားလဲ၏။

မကြာမီ အမျိုးသမီးရောက်လာသည်။

လူငယ်ကိုတွေ့သောအခါ သံသယ ရှိသော အသံဖြင့် လှမ်းပြောလိုက်သည်။

" မောင်နဲ့ အင်မတန်တူတဲ့ သူတောင်းစား တစ်ယောက်ကို ဘူတာကြီးမှာ အခုပဲတွေ့ခဲ့တယ် "

ထိုအခါ လူငယ်ပြန်ပြောလိုက်ပုံက....

" လူမှားတာပါလို့ မင်းကို မောင်ပြောပြီးပြီးလေ...."  တဲ့။

ညွှန်း -  Myanmar Online Tea Shop  www.mmteashop.com


 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved