ဦးသိန်းစိန်က မွေးနေ့ဆုတောင်းပေးသူများကို ဘယ်လို တုံ့ပြန်ထားလဲ

Sunday, April 21, 2013

သမ္မတ ဦးသိန်းစိန်ရဲ့ ဧပြီလ ၂၀ ရက် ယမန်နေ့က ကျရောက်တဲ့ ၆၈ နှစ်မြောက် မွေးနေ့ မှာ ဆုမွန်ကောင်း
တောင်းခဲ့သူတွေကို ယနေ့ နိုင်ငံတော် သမ္မတရုံး တရားဝင် အင်တာနက်စာမျက်နှာမှာ ကျေးဇူး တင်ကြောင်း တုံ့ပြန်ထားပါတယ်။ 


 

"၂၀-၄-၂၀၁၃ ရက်နေ့တွင် ကျရောက်သော ၆၈ နှစ်မြောက်မွေးနေ့တွင် ပြည်တွင်း ပြည်ပမှ ဆုမွန်ကောင်း တောင်းပေးကြသော မိဘ ပြည်သူများနှင့် မိတ်ဆွေများအားလုံးကို ကျေးဇူး ဥပကာရ အထူး တင်ရှိပါတယ်။ မိဘပြည်သူများနှင့် မိတ်ဆွေများအားလုံးလည်း စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ "
 အခုလို သမ္မတကို အင်တာနက် ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ တချို့က ဆုမွန်ကောင်းတွေ တောင်းဆိုတာ ရှိ ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး ဆုမွန်တောင်းမှုလို့လည်း သုံးသပ်သူတွေက ဆိုပါ တယ်။ 
အလားတူ သမ္မတကလည်း သူ့ကို မွေးနေ့ဆုတောင်းပေးတဲ့သူတွေကို အခုလို ကျေးဇူးတင်စကား တုံ့ပြန် တာကို တရားဝင် အသိပေးတာကလည်း ပထမဆုံး ဖြစ်နေတာပါ။ 
သမ္မတ တာဝန်ယူလာပြီး ၂ နှစ်ကျော် ကာလအတွင်းမှာ လူချစ်လူခင်ပေါများလာခဲ့တာပါ။ 

အိမ့်သံစဉ် ~
 

1 comments :

  1. တိုင်းပြည်အတွက် ကောင်းတာလုပ်တဲ့
    သူကို ပြည်သူတွေက အခုလိုချစ်ခင်တာ
    လေးစားတာဟာဓမ္မာတာပါ...အမေစုကို
    ပြည်သူတွေ ချစ်ကြသလို သမ္မတကြီး
    ဦးသိန်းစိန်ကိုလည်းပြည်သူတွေက လေး
    စားချစ်ခင်နေကြပါပြီ...ဒါကောင်းတာလုပ်
    တဲ့သူတွေကိုပြည်သူတွေကကောင်းချီးပေး
    ဖို့ဝန်မလေးသလို မကောင်းတာလုပ်တဲ့သူ
    ကိုလည်းမကောင်းဘူးလိုဘဲပြောကြမှာပါ...

    သမ္မတကြီးကတော့ သူ့သမိုင်းကြောင်း
    သူရေးသွားတာပါ...ပြည်သူလူထုက
    သူ့သမိုင်းကြောင်းကို ကောင်း၏
    မကောင်း၏မှတ်ကျောက်တင်ပါလိမ့်...


    သမ္မတကြီးစိတ်၏ချမ်းသာခြင်း ကိုယ်၏
    ကျန်မာခြင်းတွေနဲ့ ပြည့်စုံနိုင်ပြီးတိုင်းသူ
    ပြည်သားများကိုရင်ဝယ်သားကဲ့သို့ အစဉ်
    အမြဲစောင့်ရှောက်နိုင်ပါစေခင်ဗျာ....


    ရာဇာထွေး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved