ကုန်တိုက်တခုရဲ့ ငွေရှင်းကောင်တာတခုမှာပါ။
လူအများ ငွေရှင်းဖို့ တန်းစီနေကြရာမှာ ရှေ့ဆုံးက လူက ဗလကြီးကြီး၊ ထွားထွားကြိုင်းကြိုင်း။
ဗလကြီးက ငွေရှင်းအပြီး ကောင်တာနောက်က ၀န်ထမ်းကို မေးတယ်… …
“အိမ် အိမ် အိမ်သာ ဘယ်နားနား နားမှာလဲလဲ…လဲ”
ကောင်တာနောက်ကလူက ဘာမှပြန်မဖြေ၊ ကြောင်စီစီနဲ့ ပြန်ကြည့်နေတယ်။
ဗလကြီးက ထပ်မေးတယ်… …
“အိမ် အိမ် အိမ်သာ ဘယ်နားနား နားမှာလဲလဲ…လဲ”
ဒါလည်း ၀န်ထမ်းက ပြန်မဖြေဘူး၊
ဗလကြီးကလည်း ဒေါသထွက်လာတာပေါ့။
ထပ်မေးတယ်… …
“အိမ် … အိမ် … အိမ်သာ ဘယ်နားနား နားမှာလဲ… လဲ…လဲ..လို့ မေး မေးမေးနေတယ်လေ”
ဒီတခါလည်း ပြန်မဖြေဘဲ ၀န်ထမ်းက မျက်နှာငယ်လေးနဲ့ ပြန်ကြည့်ပါတယ်။
ကြာတော့ ဗလကြီးနောက်က တန်းစီနေတဲ့ မိန်းမက မနေနိုင်တော့ဘဲ ဝင်ပြောတော့တယ်… …
“ရှင်ကလည်း သူမေးနေတာကို သိရင်လည်း ပြန်ဖြေလိုက်လေ”
အဲဒီတော့မှ ကိုယ်တော်ချောဆီက အသံ ထွက်လာပါတော့တယ်။
“ပြန် ..ပြန် ပြန်ဖြေဖြေလို့၊ သူ့ သူ့ကို ပြောင် … ပြောင်ပါတယ် ဆိုဆိုပြီးပြီး ဆွဲ ဆွဲ … ထိုးထိုးရင် ခ ခ ခများ တာဝန်ယူယူ မှလားလား”.. တဲ့။
(အော်…သူလဲ ထစ်တာကိုး)
အားလုံး ခဏလေးဖြစ်ဖြစ် ရယ်မောနိုင်ကြပါစေ…သန်၎ကို ~
ဧရာဝတီ Facebook / ဧရာဝတီ Twitter
0 comments :
Post a Comment