ရန်ကုန်၊ ရေကျော် ဗလီမီးလောင် ၁၃ ဦး သေဆုံး

Tuesday, April 2, 2013

ရန်ကုန်မြို့တွင်း ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၈)လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော် ဗလီမှာ ယနေ့ နံနက် ၃ နာရီလောက်က မီးလောင်မှု တခုဖြစ်ပွားပြီး ဗလီအတွင်း ကျောင်းသား ၁၃ ဦး  သေဆုံးသွားပါတယ်။  




လတ်တလော ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မီးရှို့မှုတွေနဲ့ပတ်သက်ပြီး ကောလာဟလတွေ ပျံ့နေချိန်မှာ အခုလို မီးလောင်မှုကြောင့် သို့လောသို့လောဖြစ်ကြပေမယ့် ရဲတပ်ဖွဲ့ကတော့ ဒါဟာ မီးအားမြှင့်စက်ကြောင့် ဖြစ် ခဲ့တာလို့ ဆိုပါတယ်။ 

"ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲသတင်းအရ ဗလီ အတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ် ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပြီး မီးလောင်ရာသို့ အမှတ်(၂)တိုင်းမီးသတ်ဦးစီးမှူးနှင့်အဖွဲ့မှ မီးသတ် ယာဉ်(၆)စီး၊ အုပ်ချုပ်မှု ယာဉ်(၇)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၀၃၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၀၃၁၃ အချိန် မီးငြိမ်းသွားခဲ့ကြောင်း မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီ 
ကျောင်းသား (၇၀) ဦးရှိ သည့် အနက်၊ (၁၃) ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက် 
သေဆုံးနေပြီး (၄) ဦးမှာ ပျောက်ဆုံးနေကြောင်း ဗလီမှာ စာသင်ကျောင်းနှင့်တွဲဖက်ထားရှိကြောင်းနှင့် အခင်းဖြစ်အရပ်သို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံ/နယ်စပ် ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး တို့ရောက်ရှိပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက် ရှိကြောင်း ကနဦးသတင်းရရှိသည်" လို့ ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည်ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

ရေကျော်ဗလီ မီးလောင်မှုကြောင့် ကျောင်းသား ၁၃ ဦး သေဆုံး သတင်းကို လို့ နိုင်ငံတကာ သတင်း မီဒီယာတွေကလည်း ရဲအရာရှိတွေကို ကိုးကားပြီး ဖော်ပြပါတယ်။


အိမ့်သံစဉ် ~

6 comments :

  1. Anonymous said... :

    နံနက် ၃ နာရီလောက်က မီးလောင်ပြီး။ ၀၃း၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၀၃း၁၃ အချိန် မီးငြိမ်းသွားတယ်၊ ၁၃ မိနစ် အတွင်း မီးသတ်နှိင် တာတောင်...၁၃ ယောက် သေ တယ်။ နံနက် ၃ နာရီလောက်မှာ....မီးအားမြှင့်စက် သုံးနေသေးလား....စဉ်းစားစရာဘဲ။

  1. ၁၃မိနစ်အတွင်း၁၃ယောက်သေတယ်။ ထူးဆန်းတယ်နော်။ယုံရမှာတောင်ခက်နေတယ်။

  1. ရန်ကုန်တိုင်းမီးသတ်ဦးစီးမှုပြေားသွားတဲ့စကား
    https://www.facebook.com/photo.php?v=469659663107779

    (၁) မီးအားမြင့်စက်ဆိုပြီး မမေးလည်းဖြေနေပါတယ်၊ဒါကတော့ အရေးမကြီးပါဘူး။
    (၂) ကျွန်တော်တို့ ရောက်လာတဲ့ အချိန်မှာ မီးခိုးလုံးက အပြင်မထွက်သေးပါဘူး၊ တံခါးတွေပိတ်ထားတယ်။
    (၃) ကျွန်တော်တို့ရောက်လာတဲ့ အချိန်မှာ လျှပ်စစ်မီးတွေမပြတ်သေးပါဘူးဆိုတဲ့ စကားက မီးအားမြင့်စက်မှ မီးလောင်ခြင်း မဟုတ်တာကိုယ် တိတိကျကျပြေားဆို လိုက်တဲ့သဘေားပါ၊

    သေသေချာချာလေ့လာကြည့်သုံးသပ်ချက်။
    (၁) မီးအားမြင့်စက်တခု ဒီလောက်ထိ မီးလောင်ထားပြီးမှ၊ ဘယ်လို အကြောင်းအရာတွေကြောင့်၊ မီသတ်ရောက်လာတဲ့ အထိ၊စာသင်ကျောင်းတွင်မီးလင်နေရပါသလည်း?
    (၂) မီိးလောင်ဓာတ်ပုံများအရ အဲဒီိ transformer က ထူးထူးခြားခြား မူမပျက်ရှိနေတာကိုတွေ့ရတယ်။

    ၎င်းကျောင်း၏ ဆရာတစ်ဦးဖြစ်သူ မှ သတင်းပေးပို့ချက်။ ။
    ရိုးရိုးမီးလောင်မှု မဟုတ်ကြောင်း၊ တမင်တကာ ကြံရွယ်ရှို့သည့် မီးသာဖြစ်ကြောင်း၊ ကျောင်းအောက်ထပ်ရှိ မီးအားမြှင့်စက်မှာ မီးလောင်ပြီး အတန်ကြာ မှ Alarm မြည်ခြင်းဖြစ်ကြောင်း၊ ၎င်းကျောင်း၏ ဆရာတစ်ဦးဖြစ်သူ မှ သတင်းပေးပို့ပါသည်။ ၎င်းဆရာသည် မီးလောင်သည် ဟု သိသည်နှင့် မီးငြိမ်းသတ်ရန် အတွက် ပြေးလွှားကြိုးစားရာ ကြမ်းပြင်တွင် အိုင်ထွန်းနေသော "ရေနံဆီ" ကဲ့သို့ ဆီများအား နင်းမိ၍ ချော်လဲခဲ့ရာ ၎င်း ၏ အဝတ်အစားများ၌ယခုတိုင် ထိုဆီများဖြင့် ရွှဲနစ်နေကြောင်း သတင်းရရှိပါသည်။

    ပြည်သူတွေပဲ စဉ်းစားကြည့်ပါတော့

  1. Anonymous said... :

    မီးလောင်တာကို အကြောင်းပြပြီး ထင်မြင်ချက် ၊ စဉ်းစားစရာ ၊ ဖြစ်နိင်ချေရှိတာ ၊ သုံးသပ်ချက် ၊ အကြံပြုလွှာ ………….. ? စတဲ. Comment အ မျိုးမျိုးတင်ပြီး ၊ ဘာသာရေး အမြတ်ထုတ်ဖို.ကို ဖန်တီးလာနိင်တဲ.အတွက် ၊ မြန်မာနိင်ငံသား ဘာသာဝင်တွေ ၊ သတိဝရိယနဲ. အကြမ်းဖက်တွေရဲ. လှုပ်ရှားမှုကို စောင်.ကြည်.သင်.ပါတယ် ၊ကျွန်တော်တို.နိင်ငံကို တမင်သက်သက် ရုပ်ဆိုးအကျည်းတန်အောင် လုပ်ဆောင်တဲ.လူမှန်သမျှကို ပူးပေါင်းဖေါ်ထုတ် အရေးယူ ကြပါ ။

  1. Candle Stick said... :

    yes
    yes
    it can still be possible.

    fumes (mainly carbon monoxide (CO), not Carbon Dioxide , can cause brain anoxia I(deprivation of oxygen of brain ) and can cause within 5 minutes especially people are sleeping in that kind of room.

    That is the method of 'suicide ' and ' planned homicide ' in developed country . Close all the windows and doors and release the pipes of natural gas from kitchen or somewhere else in the house. .. it is slow and painless killing ( used both homicide and suicide ).

    That is why there is an auto shut off system if the gas concentration is high in atmosphere in developed country. Once the level is high in atmosphere, auto shutoff system is activated and shut off.

    I can not comment this is ' homicide ' or ' accident '. Whenever 'sudden unexpected death ' happens, the authority ( police ) have to investigate whether it is

    1. Homicide or
    2. Accident or
    3. Suicide ( - self harm )

    That is their job. in developed countries, where there is the system of Life Insurance.. if it is suicide , there will be ' no Pay Out ' of money. No pay out from Insurance company.
    If it is ' Homicide ' or ' Accident ' . this will be paid out... in large sum of money depend on the policy .

    so Police investigation must be done thoroughly.

    All controlled by money matters.

    In our Myanmar .. ? ? ? I am not sure. How police works now and how hard they will be investigating. ..
    Sharing the knowledge............

  1. Anonymous said... :

    ဒီအဖြစ်အပျက် ကိုအခြေခံပြီး လှုပ်ဆော်မှုတွေကို အချိန်နဲ.တပြေးညီ လုပ်နေကြပါပြီ ။ အမျိုး ဘာသာနဲ.သာသနာကို ထိန်းသိမ်း စောက်ရှောက် ကာကွယ်ရမဲ.တာဝန်ဟာ လူတိုင်းမှာရှိပါတယ် ။ ဘာသာခြားတွေကလည်း အစိုးရ နဲ. အာဏာပိုင် အဖွဲ.အစည်း တွေကို အချိန်ကုန်ခံပြီး အပြစ်တင်မနေဘဲ ၊ ကိုယ်နေတဲ.နိင်ငံ ၊ ကိုယ်.ပတ်ဝန်းကျင်မှာ သဟဇာတဖြစ်အောင် နေထိုင်နိင်ရင် ၊ အားလုံးငြိမ်းချမ်သွားမှာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved