ငြိမ်းအဖွဲ့များအတွက် သတင်းသင်တန်း

Saturday, April 27, 2013




သတင်းသင်တန်းကို သတင်းထောက်ဖြစ်လာမည့်သူများအတွက်သာ ရည်ရွယ်ခဲ့ဟန်တူသော်လည်း ယခုအခါ ခေတ်ပြောင်းနေသည်ကို တွေ့ရသည်။

အပစ်ရပ်ငြိမ်းအဖွဲ့များအတွက်  သတင်းအချက်အလက် အထောက်အကူပြုရေး သင်တန်းကို ပြီးခဲ့သည့် ၂၃၊ ၂၄ ရက်နေ့များက တောင်ကြီးတွင်ဖွင့်လှစ်ခဲ့သည်။

ယင်းသင်တန်းသို့ RCSS/SSA, PNO, PNLO, မွန်ပြည်သစ်ပါတီ၊ ရခိုင်ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ချင်းအမျိုးသားတပ်ဦး၊ ကရင်အမျိုးသား တပ်ဦး၊ SSPP အစရှိသည့်အဖွဲ့အစည်းတို့မှ သင်တန်းသားများတက်ရောက်ခဲ့သည်။


ငြိမ်းချမ်းရေး အတွက် ရည်ရွယ်ပြီး မြို့ပေါ်တါင် ဆက်ဆံရေးရုံး ဖွင့်ထားကြသည့် အဖွဲ့အစည်းတို့ကို သတင်းအချက်အလက် ဆိုင်ရာ အကူအညီ ပေးရန် ရည်ရွယ်ပြီး  သင်တန်းပေးခြင်းဖြစ်ကြောင်း RCSS/SSA  မှ ဗိုလ်မှူးစိုင်းဦးက ပြောသည်။

 ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ အားလုံးကို ဖိတ်ကြားခဲ့ကြောင်း၊ KIO, KNPP အဖွဲ့ ၂ ဖွဲ့ လာရောက်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။ 

ငြိမ်းအဖွဲ့များအတွက် သတင်းသင်တန်းကို    ရန်ကုန်မြို့၊ EPO (Europe Burma Office) က ကူညီသည်ဟု သိရသည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved