အဆ ငါးဆယ် ဝန်းကျင် ဈေးတက်နေတဲ့ တန်ဘိုးနည်းဖုန်းကတ်

Saturday, April 27, 2013

ယခု ခေတ်စားနေသည့် ကျပ် ၁,၅၀၀ တန် ဖုန်းကတ်သည် တောင်ကြီးမြို့ ဖုန်းဈေးကွက်အတွင်းသို့ ထုတ်ဈေးထက် အဆ ငါးဆယ်ခန့် ဈေးတက်ပြီး ရောက်လာသည်။

ကြားဖြတ်ရွေးကောက်ပွဲမဟုတ်ပါ၊ ဖုန်းကတ် ကံထူးရှင်ရွေးချယ်ပွဲကြီး ဖြစ်လေ၏ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း/တောင်ကြီး)
မဲပေါက်သူတချို့ထံမှ လာသည်ဟု ယူဆရသည့် ကတ်တချို့က ဖုန်းအရောင်းဆိုင်တွင် တကတ် ကျပ် ၇၀,၀၀၀ အထိ ပေါက်ဈေး ဖြစ်နေသည်။ 

"ကျွန်မတို့ကို ဖုန်းကတ်မဲပေါက်သူတွေကလာရောင်းပေးတယ်...သူတို့ခေါ်ဈေးက ကျပ် ၈၀,၀၀၀ အထိရှိတယ်...၊ ကျွန်မတို့လည်း ဆိုင်မှာပြန်ရောင်းရအောင်လို့ ကျပ် ၆၅,၀၀၀ နှင့်ကောက်လိုက်တယ်၊  ပြီးတော့ ဆိုင်မှာ ကျပ် ၇၀,၀၀၀  နှင့်ပြန်လည်ရောင်း ချပေးပါတယ်" ဟု ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းအ၀ယ်လုပ်သူတဦးက ပြောဆိုသည်။

    ဖုန်းကတ် ဈေးကစားရန်ရည်ရွယ်ချက်မရှိကြောင်း၊ လိုအပ်သူက  ၇၀,၀၀၀ ပေးပြီး လာဝယ်လျှင် မိမိတို့ရောင်းပေးလိုက်ကြောင်း၊ နောက်ပိုင်းလများတွင် ဈေးကျလာနိုင်ကြောင်း ဖုန်းအရောင်းဆိုင်တို့က ပြောဆိုသည်။

မဲနှိုက်သည့်နေ့က ရောက်လာသူတချို့မှာ တန်ဘိုးကြီးမားသည့် မော်တော်ယာဉ်များဖြင့် ရောက်လာကြသည်ကို တွေ့ရကြောင်း၊
တတ်နိုင်သူတို့က ၀င်ငွေနည်းပါးသူတို့နှင့် ယှဉ်ပြီး မဲနှိုက်ခြင်းမှာ သူ၏အခွင့်အရေးဖြစ်သော်လည်း ထိုလုပ်ရပ်ကို အံ့အားသင့်မိကြောင်း ယူဆသူလည်း ရှိနေသည်။

ဖုန်းကတ် အဆ လေးငါးဆယ်ခန့် ဈေးတက်ပြီး ပြင်ပတွင် အရောင်းအ၀ယ်ဖြစ်နေကြောင်းကို သတင်းဂျာနယ်များ၊ နေ့စဉ်ထုတ်သတင်းစာများတွင်လည်း ဖော်ပြထားကြသည်။
 


ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~



.

6 comments :

  1. Anonymous said... :

    What a surprise and internatinal joke! Sim card freely and easily available in other countries is still natinal hot issue wasting resources to lottery it. What a superb management! Hand over to shwe pyi ta gon co they will manage all over 6 months. Or is it astrological strategy?

  1. အမှန်တစ်ကယ်သုံးသူတွေဘဲရအောင်ဆိုပြီး
    ပြင်ပဈေးကြီးပေးဝယ်ရမဲ့အဖြစ်မျိုးတွေ မဖြစ်ရအောင်လုပ်လိုက်တဲ့စနစ်
    အုပ်ချုပ်ရေးဌာနအဆင့်ဆင့်ကတာဝန်ယူပြီး မဆိုင်တဲ့အလုပ်တွေလုပ်ပြလိုက်တဲ့စနစ်
    အောင်မြင်လိုက်ပုံများ-- " ပြောကို မပြောချင်တော့ဘူး"

  1. ရွှေဥာဏ်တော် စူးရောက်တဲ့သူတွေက
    ဖုန်းကဒ်တွေ အပြင်ကိုဈေးကြီးနဲ့မရောင်းနိုင်အောင်
    စနစ်တကျစီမံထားတာပါတဲ့။
    ငတ်ကြီးကျဖို့လောက်ဘဲသိပြီး
    တိုင်းပြည်အခြေအနေ၊ပြည်သူတွေရဲ့အခြေအနေကိုဘာမှမသိတဲ့
    အာဏာရူး၊ဥစ္စာရူးတွေကြီးစိုးနေတဲ့တိုင်းပြည်---သိပ်မကြာတော့ဘူး
    အေးချမ်းမေ ဖြစ်တော့မယ်။

  1. Anonymous said... :

    မှောင်ခိုဈေးက တော့ လက်ရှိ sim card ရဲ့အမှန်တကယ်ေ၇ာင်းနိုင်တဲ့ ဈေးပါ။
    ဈေးချပြီးမေ၇ာင်း နိုင်တာကို သိသိကြီးနှင့် နာမည်တွေကြီးချင်တဲ့ လူတွေက အတင်းချပြီးေ၇ာင်းပေးလိုက်တော့ မှောင်ခိုဈေးကွက်ဖြစ်ေ၇ာ။
    တိုင်းပြည်အခြေအနေ၊ပြည်သူတွေရဲ့အခြေအနေကိုဘာမှမသိတဲ့ သူတွေနဲ့ တော့
    စိတ်ကုန်စရာတွေပါ။

  1. Anonymous said... :

    ဖုန်းကဒ်ကို ဈေးချယုံတင်မကဘူး အလကားပါ ပေးလို့ရပါတယ်ဟ.. အလုံးရေနဲ့ ရမယ့်ခေါ်ဆိုခကို တွက်ကြည့်စမ်းပါဦး၊ မခေါ်ရင်တောင် ကဒ်တစ်ခုကို တစ်လ ၂၅၀၀ က အလိုလိုဖြတ်မှာ။ အခုဟာက အရင်တုန်းက ထင်သလိုလုပ်ပိုင်ခွင့် ရခဲ့တဲ့လူတွေ မြိုစို့လိုမ၀နိုင်သေးဘဲ ညစ်ပတ်လို့ ရသလောက် ညစ်ပတ်စုတ်ပဲ့နေကြတာ။ နိုင်ငံခြားက ဖုန်းနဲ့ပတ်သက်တဲ့ ရင်းနှီးမြုပ်နှံသူတွေကို လုပ်ပိုင်ခွင့်ချပေးလိုက်ပါလား။ ခေါ်ဆိုခ၊ အင်တာနက်အသုံးပြုခ၊ အင်တာနက်မြန်နှုန်း၊ ဖုန်းနဲ့တွဲပါနေတဲ့ ၀န်ဆောင်မှုတွေ ဒီထက်အပြတ်အသတ် ကောင်းလာနိုင်တဲ့အပြင် ဆင်မ်ကဒ်ဆိုတာ သူတို့ဖုန်းလိုင်းကိုသုံးအောင်လို့ အလကားတောင် ပေးသေးတယ်။ အခုဟာက သူတို့ပဲ လက်ဝါးကြီးအုပ် အမြတ်ထုတ်နေလို့ သမ္မတက ဖိအားပေးနေရတာ။ အပြိုင်အဆိုင်ဆိုတာ မရှိရင် ဒီလိုဖြစ်နေမှာပဲ။ တနည်းမဟုတ် တစ်နည်းနဲ့ ညစ်ပတ်၊ လည်လှီးတာ ခံရဦးမှာပဲ။ ပါးစပ်က နတ်စကားထွက်နေပေမယ့် ခရိုနီတွေ တိုင်းပြည်အပေါ် စိတ်ကောင်းစေတနာ မရှိတာ ဒါသက်သေပဲ။

  1. Anonymous said... :

    ဒါလား အောင်မြင်တဲ့ sim card ကိုေ၇ာင်းချနည်းလား။ခေတ်ကို နောက်ပြန်ဆွဲ တဲ့ ရောင်းချနည်းပါ။ ပြည်သူကိုစေတနာ တကယ်ရှိရင် လွတ်လွတ်လပ်လပ်နှင့် ၀ယ်နိုင်အောင်လုပ်ပေး။ ကိုယ် ပေးနိုင်တဲ့ ဈေးနှင့်ရောင်း။ ခုတော့ တကယ်သုံးမဲ့ သူတွေက မှောင်ခိုဈေးကွက်မှာ မျက်နှာငယ်ခံပြီး MEC ရဲ့ ၇ိုက်စားဖုန်းတွေကို အဆ ငါးဆယ်ပေးပြီး မတန်တဆ၀ယ်နေရတယ်။ ငွေဖြည့် ကတ်ကလည်း MEC ကမှ သုံးလို့ ရတာတဲ့။
    တိုင် ၂၈၀ လောက်စိုက်ထားတဲ့ MEC ဂိုတာဖုန်းက
    တိုင် ၁၅၀၀ ရှိတဲ့ GSM ကို မှီမှာလား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved