စင်္ကာပူမှာ ကြုံရတဲ့ ဝိတ်ချနည်း

Thursday, April 4, 2013


တနေ့က မတွေ့တာကြာနေတဲ့ သူငယ်ချင်းတယောက်နဲ့ စင်ကာပူရောက် မြန်မာတွေစုဝေးတတ်တဲ့ ပင်နီဆူလာမှာတွေ့လို့ လက်ဘက်ရည်ဆိုင် ထိုင်ဖြစ်ကြတယ်။

အရင်က တော်တော်ဝတဲ့သူမ ခု ကိုယ်ရေစစ်သွားသလိုဘဲ။
ဒါနဲ့မေးကြည့်မိတယ်… …

“ဟဲ့ နင့်ဘော်ဒီ တော်တော်ကျသွားပါလား၊ နေမကောင်းဘူးလား”

“ကောင်းပါတယ်ဟာ”

“ဒါဆိုဘာဖြစ်လိုလဲ အိမ်လွမ်းလို့လား”

“မဟုတ်ပါဘူးဟာ၊ င့ါ အခန်းဖော်ကြောင့်ပါ”

“ဘယ်လိုလဲ သေချာပြောစမ်းပါအုံး”

“ဒီကောင်မက အလိုက်ကန်းဆိုးမသိဘူးဟ၊ ည ည ကျရင် ကွန်ပြူတာ တလုံးနဲ့ ဆူနေတာ၊ Chatting ရိုက်တယ်၊ ဂိမ်းဆော့တယ်၊ သီချင်းဖွင့်တယ်၊ ပြီးတော့အခန်းထဲကို ဝင်လိုက်ထွက်လိုက်နဲ့ လုပ်တယ်၊ တခါးကို အသံအကျယ်ကြီး ဖွင့်တယ် ပိတ်တယ်၊ ညဉ့်နက်သန်းကောင် သူ့ဘဲနဲ့ ဖုန်းပြောတယ် စုံလို့ပါဘဲဟာ”

“နင် က မပြောဘူးလား”

“ပြောလဲ ရန်ဖြစ်ရတာဘဲ အဖတ်တယ်တယ်၊ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်ဟ၊  အဲဒါကြောင့် ညဘက်အိပ်ရေးတွေပျက်ပြီး ပေါင်၂၀ လောက် ကိုယ်အလေးချိန်ကျသွားတာ”


“ဒါဆိုလဲ အခန်းပြောင်းလိုက်ပေါ့ဟာ၊ လွယ်လွယ်လေးဘဲ”
…ဆိုတော့

သူပြန်ပြောလာတဲ့စကားကြောင့် ကျနော်လည်း သောက်နေတဲ့ လက်ဘက်ရည်တောင် သီးကုန်တယ်။

သူပြောတာက… …
“ပြောင်းမလို့ဘဲ၊ နောက်ထပ် ၁၅ ပေါင်လောက် ထပ်ချချင်သေးလို့”…တဲ့။

သန်၎ကို ~

photo by www.asianhealthsecrets.com
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 


-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved