ဘော့စ်တွန် ဗုံးခွဲ တရားခံဟု သံသယဖြစ်သူတဦး ဖမ်းမိပြီ

Friday, April 19, 2013

အမေရိကန်ပြည်ထောင်စု ဘော့စ်တွန် မာရသွန် ဗုံးခွဲ တရားခံလို့ သံသယဖြစ်ခံရသူ ၂ ဦးထဲက ၁ ဦးကို ဖမ်းဆီးရမိပြီး တဦးမှာ လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

 ဓာတ်ပုံ- ရိုက်တာ

အမေရိကန် ရဲတွေရဲ့ သံသယဖြစ်သူတွေ နေထိုင်ရာနေရာကို ပိတ်ဆို့ စီးနင်းဖမ်းဆီးမှု ဖြစ်စဉ်အတွင်း အဆိုပါ နေရာနဲ့ အနီးတ၀ိုက် သေနတ်သံတွေ ပေါက်ကွဲသံတွေ ကြားနေခဲ့ရတယ်လို့ ဒေသခံတွေကို ကိုးကားပြီး ဒေသဆိုင်ရာ မီဒီယာတွေက ဖော်ပြနေပါတယ်။ 

တချိန်တည်းမှာဘဲ ဒေသဆိုင်ရာ သတင်းတွေအဆိုအရ  ကင်းဘရစ်ခ်ျ တက္ကသိုလ်ပရ၀ုဏ်အတွင်းက မန်ဆာချူးဆက် နည်းပညာ တက္ကသိုလ် MIT တွင်လည်း ပစ်ခတ်မှု တခုကြောင့် ရဲအရာရှိ တဦး သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။

မျက်မြင်သက်သေတွေကို ကိုးကားပြီး ဒေသဆိုင်ရာ မီဒီယာတွေအဆိုအရ  ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ် မှုကြောင့် သံသယဖြစ်သူ တဦးကို ရဲက ဖမ်းဆီးလိုက်ပြီး တဦးကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲလို့ လည်း ဆိုပါတယ်။ 

တချို့သတင်းတွေမှာတော့ ပစ်ခတ်ဖမ်းဆီးရမိတဲ့ သံသယဖြစ်သူဟာ သေဆုံးသွားပြီလို့လည်း ဆိုပါတယ်။ 
ဒါပေမယ့် ရဲကတော့ သူ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာ အခုထိ တရားဝင်ပြောဆိုဖို့ ငြင်းနေသေးပြီး စုံစမ်းနေဆဲဘဲလို့ ပြောနေပါတယ်။ 

ဒါပေမယ့် မန်ဆာချူးဆက် ပြည်နယ် ရဲကတော့ ဒေသခံတွေကို အိမ်ပြူတင်းပေါက်နဲ့ တံခါးတွေနား မနေကြဖို့နဲ့ သံသယဖြစ်ဖွယ်တခုခုကို တွေ့မြင်တာနဲ့ အရေးပေါ် အကြောင်းကြားဖို့ ဆော်သြထားတယ်လို့ ဆိုပါတယ်။ 




အိမ့်သံစဉ် ~




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved