“သတင်းဓာတ်ပုံပြပွဲ အတွက် ဖိတ်ခေါ်ခြင်း”

Friday, April 19, 2013




“သတင်းဓာတ်ပုံပြပွဲ အတွက် ဖိတ်ခေါ်ခြင်း”

 “Press Club Myanmar (PCM) Organizing Committee” 

စာနယ်ဇင်း ကလပ် မြန်မာနိုင်ငံ ဖြစ်မြောက်ရေးကော်မတီ ၏ ပထမဆုံး လှုပ်ရှားမှု အနေဖြင့် လာ မည့် မေလ ၃ ရက်နေ့  ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့် နေ့ တွင် မြန်မာ သတင်းသမားများ ရိုက်ကူး ထားသော ဓာတ်ပုံ များကို ပြသသွားရန် အစီအစဉ် ရှိပါသည်။ 

 ရန်ကုန်မြို့က ဓာတ်ပုံပြပွဲ တခုတွင်တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ပြပွဲအား မေလ ၂ ရက်နေ့ မှ ၄ ရက်နေ့ အထိ (Myanmar Media Library)တွင် ပြသသွားရန် ရည်ရွယ် ထားပါသည်။ 

နယ်ပယ်စုံအသီးသီး တွင် လုပ်ကိုင်နေသော မြန်မာသတင်းဓာတ်ပုံ ရိုက်ကူးသူများ၏ ၂၀၁၁ မတ်လမှ ၂၀၁၃ မတ်လ အထိ နှစ်နှစ်တာ ကာလ အတွင်း ရိုက်ကူးထားသော ဓာတ်ပုံများကို ရွေးချယ် ပြသ သွားမည် ဖြစ်ပါသည်။ 

သို့ ဖြစ်ပါသဖြင့် သတင်းဓာတ်ပုံရိုက်ကူးသူများသာမက သတင်းမီဒီယာ နှင့်ဆက်စပ်လုပ်ကိုင် နေသူ မည် သူ မဆို မိမိတို့ ကိုယ်တိုင်ရိုက်ကူးထားပြီး သတင်းမီဒီယာ တခုခုတွင် ဖော်ပြပြီး ဖြစ်သော ဓာတ်ပုံများကို ဧပြီလ ၂၅ ရက်နေ့ ထက် နောက်မကျစေဘဲ ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများ သို့ လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးဖြင့်ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ စီဒီ၊ဒီဗီဒီ ဖြင့်သော် လည်းကောင်း တခြားဒစ်ဂျယ်တယ် သိမ်းဆည်း စရာ တခုခုဖြင့် လည်းကောင်း ပေးပို့ နိုင်ပါ သည်။ 

ပေးပို့ ရာတွင် လိုက်နာရမည့် အချက်အလက်များမှာ 

- အရွယ်အစား (၁၂လက္မ - ၁၈ လက္မ) ဆိုဒ် ဖြစ်ရမည်။ 
- Resolution 100 M ထက်မသေးစေရ၊ - File size 1 M ထက် မနည်းစေဘဲ 4 M ထက်လည်း မကြီးသော၊ - ပုံများကို ရွေးချယ်နိုင်ရန် အများဆုံး ၄ ပုံ ထိ ပေးပို့ နိုင်ပါသည်။ 

- ပုံစာ အကြောင်းအရာ တို့ ကို အများဆုံး ၀ါကျ ၃ ကြောင်းထက် မပိုစေဘဲ ဖော်ပြပေးရန်၊ 

ဓာတ်ပုံ ရိုက်ကူးသည့် ခုနှစ်၊ ဖော်ပြခဲ့သည့်မီဒီယာ ကိုလည်း ဖော်ပြပေးရန် လိုပါသည်။ 

- ပြည်တွင်း၊ပြည်ပ မည့်သည့် မီဒီယာ တွင်မဆို လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ဖြစ်ရမည်။ 

 ဓာတ်ပုံများကို PCM ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ ဝင် စာနယ်ဇင်း ဆရာများနှင့် အခြားဝါရင့် ဓာတ်ပုံ ဆရာ များမှ ရွေးချယ်သွားမည် ဖြစ်ပြီး ၊ ၄င်းတို့ ထဲမှ အချို့ ဓာတ်ပုံများကိုလည်း ထိုင်း နိုင်ငံ ဘန်ကောက် မြို့ ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် တွင်(FCCT) ပြသသွားမည် ဖြစ်ပါသည်။ 

ဆက်သွယ် ပေးပို့ ရန် 

Myanmar Media Library 

7 Star ဆေးခန်း အပေါ်ထပ်၊ ၃ လွာ 
သိမ်ဖြူလမ်းနှင့်၄၄ လမ်းကြား၊ ကုန်သည်လမ်း 
phone – 0949577185 
sawlinaung@gmail.com 
soewinnyein@gmail.com - 0943202073 
maunghteinwin@googlemail.com - 09448010903 
thitaung@gmail.com - 095138460 
yenaingmoe@gmail.com - 095402584 

www.facebook.com/pressclubofmyanmar

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved