ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဖွဲ့စည်းပုံပြင်ရမယ်

Saturday, April 27, 2013

“ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ်အရွေးခံ မယ်ဆိုရင် ဖွဲ့စည်းပုံ ပြင်မှရမယ်၊ ဖွဲ့စည်းပုံကို ပြင်ဆင်ပေး ရင်တောင် ဒေါ်စု က သမ္မတဖြစ်လာနိုင်ခြေ အင်မတန် နည်းပါးတယ်၊ အင်မတန် ခက်မယ်၊ သမ္မတ မဖြစ် 
အောင်လည်း တခြားအုပ်စုက ကြိုး ပမ်းကြမှာသေ ချာတယ်၊ လွှတ်တော် ၂ ရပ်လုံးက ထောက်ခံမှုများ မှ သမ္မတ ဖြစ်မယ်၊ ဒု သမ္မတတော့ ဖြစ်ရင် ဖြစ်မယ်” 


အထက်က စကားကို ပြောလိုက်သူကတော့ သမ္မတရုံး ၀န်ကြီး တဦးဖြစ်တဲ့ ဦးအောင်မင်း ဖြစ်ပါတယ်။ သူ ဘာကြောင့် ဒီလိုပြောခဲ့သလဲ၊ ဘယ်မှာ ပြောခဲ့သလဲ၊ ဘာကြောင့်ပြောခဲ့သလဲ ဆိုတာ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်တယောက် သမ္မတ ဖြစ်ဖို့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရမယ်ဆိုတာ အားလုံး ပြောနေ၊ 
တောင်း ဆိုနေကြ၊ ကြိုးပမ်းနေကြပေမယ့် အခုထိ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် NLD ပါတီလည်း လွှတ်တော်တွေ ထဲမှာ လူနည်းစုဖြစ်နေတော့ မူလ ရည်မှန်းချက်ကို အလုပ်နိုင်၊ မစနိုင်ဖြစ်နေတာပါ။ 

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူထောက်ခံရင် သမ္မတ လုပ်လိုတဲ့အကြောင်း မကြာသေးခင်က ဆက်တိုက်ဆိုသလို ပြောလာခဲ့ပါတယ်။ 

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း အထက်ပါအတိုင်း ပြောလိုက်ပြီဆိုတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရေး ဘယ်လိုနေမလဲဆိုတာ လူတိုင်း စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်နေတာပါ။ 

အခုလို ဦးအောင်မင်းပြောလိုက်တဲ့ စကားနဲ့ပတ်သက်ပြီး သတင်းအပြည့်အစုံကိုတော့ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ခင်ဦးသာရေးသားတင်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဖွဲ့စည်းပုံပြင်မည် ဟု ဦးအောင်မင်း ပြော  ( http://burma.irrawaddy.org/archives/38355 ) ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved