အမေစု ချစ်သူများအတွက်

Saturday, April 27, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အမေ လို့ တင်စားခေါ်ဝေါ် ကြပါတယ်။ အမေစုကို ချစ်တဲ့သူတွေ အကြိုက်တွေ့စေမယ့် အမေ့ရဲ့ မြန်မာဆန်ဆန် အိမ်တွင်း အလှ ပုံရိပ်များစွာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ္ဘာကျော် မိန့်ခွန်းတွေ၊ သမိုင်းဝင်စကားတွေကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ စာအုပ်ထွက်ပါပြီတဲ့။ 



 စာပေလောက ၆ က ဖြန့်ချီလိုက်တဲ့ Image of Mother Loved by the People , World Famous Speeches and Historic Words ဆိုတဲ့ ပြည်သူချစ်တဲ့ အမေ့ ပုံရိပ်များနဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာကျော် မိန့်ခွန်းများ၊ သမိုင်းဝင်စကားများ ဆိုတဲ့ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ စာအုပ်ထွက်တာကို ယနေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှာ ကြော်ညာ ပါလာပါတယ်။ 


 မြန်မာ့အလင်းသတင်းစာပါ ကြော်ညာ

စာအုပ်ဈေးနှုန်းကို သဲသဲကွဲကွဲ မသိရ ပေမယ့် လူအများ အ၀ယ်များနိုင်တယ်လို့ ရန်ကုန် စာပေလောက က လူတွေက မှတ်ချက်ပေးကြပါတယ်။ 

"လွန်ခဲ့တဲ့ နှစ်တွေကဆိုလည်း ဂျာနယ်တွေမှာလည်း ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို မျက်နှာဖုံးသုံး လိုက် တာနဲ့ ရောင်းကောင်းခဲ့တာပဲ၊ အခုစာအုပ်ကလည်း ရောင်းကောင်းမယ့် စာအုပ်ဖြစ်မှာပါ" လို့ စာပေလောကသား တဦးက မှတ်ချက်ပေးပါတယ်။


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved