ကန်- သမ္မတဟောင်း ဂျင်မီကာတာ နေပြည်တော်ကို လာရောက်

Wednesday, April 3, 2013

အမေရိကန် သမ္မတဟောင်း မစ္စတာ ဂျင်မီကာတာဟာ ယမန်နေ့က မြန်မာနိုင်ငံ နေပြည်တော်ကို အထူး 
လေယာဉ်နဲ့ ဆိုက်ရောက်လာပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ၃၉ ဦးမြောက် သမ္မတ ဟောင်း တဦးရဲ့ ပထမဆုံး နေပြည်တော် ခရီးလည်းဖြစ်ပါတယ်။ 

နေပြည်တော်ကို ရောက်လာတဲ့ သမ္မတဟောင်း ဂျင်မီကာတာနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့၊ ဓာတ်ပုံ- မြန်မာ့အလင်းသတင်းစာ

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစတာတွေအတွက် ကာတာ စင်တာနဲ့ ကာတာ ဖောင်ဒေးရှင်းကို တည်ထောင် ထားသူ သမ္မတဟောင်း ဂျင်မီကာတာဟာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တခုကို ဦးဆောင်ပြီးလာရောက် ခဲ့ တာဖြစ်ပါတယ်။  

ကာတာဖောင်ဒေးရှင်းကတော့ ကမ္ဘာတလွှား နိုင်ငံပေါင်း ၆၅ နိုင်ငံမှာ ပညာရေး၊ ဆင်းရဲမှု တိုက်ဖျက်ရေး၊ ကျန်းမာရေး၊  ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့  ငြိမ်းချမ်းရေး စတဲ့ ကဏ္ဍတွေအတွက် ကူညီထောက်ပံ့မှုတွေ လုပ် ဆောင်နေတာလည်းဖြစ်ပါတယ်။

ဒီမိုကရက် သမ္မတဟောင်း ဂျင်မီကာတာဟာ ၂၀၀၂ ခုနှစ်က နိုဗဲလ်ငြိမ်းချမ်းရေး ဆုရခဲ့သူ လည်း ဖြစ်ပြီး သံတမန်ရေး ကျွမ်း ကျင်သူတဦးလည်း ဖြစ်သလို လူ့အခွင့်အရေး ကိစ္စတွေနဲ့ပတ်သက်ပြီး အမေရိကန် အစိုးရကို လည်း ဝေဖန်မှုတွေ လုပ်ခဲ့သူပါ။ 

ကာတာဟာ သေဒဏ်ပေးတဲ့ စနစ်ကို လုံးဝမကြိုက်သလို ညှင်းပန်းနှိပ်စက်မှုတွေကိုလည်း လုံးဝ လက်မခံသူ တဦး ဖြစ်ပြီး 9/11 ဖြစ်စဉ်အပြီး ဂွာတာနာမို အကျဉ်းစခန်းနဲ့ ပတ်သက်လို့လည်း အမေရိကန် အစိုးရကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့တာဟာ ဂျင်မီကာတာရဲ့ ထင်ရှားတဲ့ ဖြစ်စဉ်တွေထဲက တခုလည်း 
ဖြစ်ပါတယ်။  


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved