ကမ္ဘာ့သြဇာအရှိဆုံးသူ ဒေါ်အောင်ဆန်းစုကြည်

Thursday, April 18, 2013

ဒီရက်ပိုင်း အင်တာနက်သုံးစွဲကြတဲ့ မြန်မာတွေက တိုင်းမ်မဂ္ဂဇင်းကြီးရဲ့ ၁၀ နှစ် အတွင်း ကမ္ဘာ ပေါ်မှာ သြဇာအရှိဆုံးသူအဖြစ် ရွေးချယ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို မနားမနေ မဲပေးလိုက်ရတာ အခုတော့ အမောပြေ သွားကြပြီ ထင်ပါတယ်။ 



မနေ့ ဧပြီလ ၁၇ ရက်နေ့မှာ နောက်ဆုံး အဆင့် ဆန်ကာတင် လက်ကျန် မဲပေးဖို့ ရှိသူ ၂ ဦးဖြစ်တဲ့ မြန်မာ
နိုင်ငံ က ဒေါ်အောင်ဆန်းစုကြည်နဲ့ နာမည်ကျော် အဆိုတော် လေဒီဂါဂါတို့ အတွက် ကမ္ဘာတ၀ှမ်း အပြိုင်အဆိုင် ကိုယ်သန်ရာကို ရွေးချယ် မဲတွေ ပေးကြပါတယ်။ 

မြန်မာတွေကတော့ နန်းခင်ဇေယျာက စလိုက်တဲ့ အွန်လိုင်း မဲပေးမှုတွေ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မမော နိုင် မပန်းနိုင်ဖြစ်ကြရတာပါ။

မြန်မာတွေ နိုးနိုးကြားကြားဖြစ်ဖို့ ဖေ့စ်ဘုတ်လို လူမှု ကွန်ရက်တွေကလည် မဲပေးဖို့ လှုံ့ဆော်ခဲ့ကြတယ်။ 

မနေ့က နေ့ လယ်ပိုင်းလောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးတဲ့ မဲတွေဟာ ၆၃ % ထိ တက်လာခဲ့တယ်။ လေဒီဂါဂါအတွက် မဲတွေလည်း ၃၇ % ထိကျလာခဲ့တယ်။ 

ဒါပေမယ့် နောက်ဆုံး မိနစ်ပိုင်း အလိုလောက် မှာ လေဒီဂါဂါ ရဲ့ မဲတွေရာခိုင်နှုန်း ပြန်တက်လာခဲ့ရင်း သတ်မှတ်ချိန်က ပြည့်သွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် က ၆၁% အရောက် လေဒီဂါဂါက ၃၉% နဲ့ သတ်မှတ်မဲပေးချိန်ကို အဆုံးသတ်လိုက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရသွားခဲ့ပါတယ်။ 

မြန်မာတွေ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးလို့ မောက်စ်တွေလည်း တချို့ ပျက်ကုန်ကြတယ်လို့ ဆိုပါတယ်။ 

တချို့က ပြောတာက ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်မဟုတ်ဘဲ တခြား မြန်မာတဦးဦးဖြစ်မယ်ဆိုလည်း မြန်မာတွေက မဲပေး မှာပဲ လို့ ပြောဆိုသူတွေလည်း များပါတယ်။ 

ဒီကနေ့ ဧပြီလ ၁၈ နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တာအတွင်း ကမ္ဘာမှာ သြဇာအရှိဆုံးသူ အဖြစ် Time က ကြေညာသွားမှာဖြစ်ပါတယ်။ 

မဲပေးခဲ့ကြတဲ့ မြန်မာတွေလည်း ပီတိတွေ နဲ့ ဝေဆာနေကြမယ် ထင်ပါတယ်။ 

ဒီပွဲမှာ ကမ္ဘာ့သြဇာအရှိဆုံး သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းမ်မဂ္ဂဇင်းကြီးက ရွေးချယ်လိုက်ခြင်း 
ဟာ မြန်မာတွေအတွက် နောက်ထပ် အောင်ပွဲ ဆင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ 



အိမ့်သံစဉ် ~

6 comments :

  1. Anonymous said... :

    (တချို့က ပြောတာက ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်မဟုတ်ပဲ တခြား မြန်မာတဦးဦးဖြစ်မယ်ဆို လည်း မြန်မာတွေက မဲပေး မှာဘဲလို့ ပြောဆိုသူတွေလည်းများပါတယ်)လို့  ပြောတဲ့သူတွေ.. အမေစုအပြင် ဘယ်သူကတော့ အဲဒီနေရာကို ရောက်လာနိုင်လဲလို့  ဖြေကြည့်ပါဦး။ အမေစုကို မဲပေးသူ အများစု ဟာ ဗမာအများစု မဟုတ်ပါဘူး။ နိုင်ငံတကာက မဲက အများစုပါ။ အင်တာနက် သုံးနိုင်တဲ့လူဦးရေနဲ့  ကွန်နက်ရှင်.. လေဒီဂါဂါရဲ့  ပရိသတ်နဲ့ ယှဉ်လိုက်ရင် ဗမာဦးရေ ဘာမှ မပြောပလောက်ပါဘူး။ အကြိမ်များဆုံး vote လုပ်တဲ့ လူမျိုးတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် vote လုပ်နိုင်တဲ့ သူ ရာခိုင်နှုန်း အမတန်နည်းပါတယ်။

  1. အမှန်ပါပဲ .. အမေစုနေရာမှာ တခြားမြန်မာနိုင်ငံသားဖြစ်နေမယ်ဆိုရင်လည်း အခုလိုပဲ မဲပေးမှာပါ
    ပုဂ္ဂိုလ်စွဲမပါပေမယ့် နိုင်ငံစွဲတော့ပါတယ်လို့ ဆိုရမှာပေါ့ ..
    ဘာကြောင့်လဲဆိုတော့ ဒီလိုနေရာမျိုးကို ရောက်လာပြီဆိုကတည်းက ထိုက်တန်တဲ့ အရည်အချင်းရှိနေလို့ပဲဆိုတာ လက်ခံရမှာပါ
    ဒါကြောင့်လည်း Vote လုပ်တာကို ရင်ဘတ်နဲ့ လုပ်ခဲ့တာပါ
    အဲဒီလို Vote လုပ်နေရင်းနဲ့ တစ်ခါတစ်ခါ တခြားလူတွေရော Vote မှ လုပ်နေကြသေးရဲ့ အားမှ စိုက်ကြသေးရဲ့လားလို့ တွေးပြီး ပူပန်မိသေးတယ်
    ကိုယ့်စီက ကွန်နက်ရှင်မကောင်းတော့ ကိုယ့်ရဲ့ Friend တွေကို Chat Box ကနေတစ်မျိုး ကိုယ့်ရဲ့ Status တွေကနေတဖုံ သတိပေးလိုက် တပ်လှန့်လိုက်နဲ့ ...
    ဘာပဲဖြစ်ဖြစ် .. ဒီအောင်မှုထဲမှာ ကိုယ့်ရဲ့ လုပ်အားလေးဟာ အုပ်တစ်ချပ်သဲတစ်ပွင့်လောက် မဟုတ်တောင် မြူတစ်မှုံ စာလောက် ပါဝင်နေပါလားဆိုတဲ့အသိက အိပ်ရေးပျက်ခဲ့တာမှန်သမျှကို
    လန်းဆန်းကြည်နူးနေစေတာတော့ အမှန်ပါပဲ ..
    အခုလိုပဲ မင်္ဂလာရှိတဲ့ သတင်းတွေကို အမြဲတင်ပေးနိုင်ပါစေလို့လည်း
    ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ .... :)

  1. Anonymous said... :

    Ummmm
    တခြားမြန်မာဖြစ်မယ်ဆိုလည်း??????

  1. Anonymous said... :

    Very good comment. Agree.

  1. Anonymous said... :

    အပေါ်က Anonymous ရယ်။
    မြန်မာတွေ ဗုတ်လုပ်နိုင်တဲ့ ဦးရေ နည်းတာမှန်ပေမယ့် ကမ္ဘာတ၀ှမ်းက မြန်မာတွေ ဘယ်လောက်များ ဗုတ်ကြလဲ သိစေချင်တယ်။ ကျွန်တော်တို့ဆို ဘယ်ဘက်လက်က ကွန်ပြုတာနဲ့ ညာဘက်က ဖုံးနဲ့ကို ဗုတ်တာပါ။ ပထမတရက်ကတည်းက သိတဲ့အချိန်ကစပြီး ညအိပ်တဲ့အချိန်အထိ ဘာမှမလုပ်အားပဲကို ထိုင်ဗုတ်နေတာပါ။ နောက်တနေ့ အလုပ်ဆင်းရမှာ မှန်ပေမယ့် အဲဒီညက ၁ နာရီထိုးတဲ့အထိပါပဲ။ နောက်နေ့ အလုပ်ကို အိပ်ချင်မူးတူးနဲ့ကို သွားရပါတယ်။ အလုပ်ရောက်လို့ အားတာနဲ့လည်း ထိုင်ဗုတ်ပါတယ်။ ကိုယ်နေတာက အရှေ့ခြမ်းမှာဆိုတော့ အနောက်ဘက်က မြန်မာတွေကိုလည်း သိသလောက် ဗုတ်ပေးဖို့ ပြောကြဆိုကြနဲ့ ဖေ့ဘွတ်ကြီးတစ်ခုလုံးလည်း သတိပေးတာတွေ၊ ရှဲကြတာတွေ စုံသွားတာပါပဲ။

    လက်တွေလည်းညောင်း၊ မောက်စ်တွေလည်းပျက်၊ ဖုံးတွေလည်း ဟန်းတဲ့အထိ ဗုတ်ခဲ့ကြတာပါ။ အလကား အားယားနေတယ်လို့ ပြောရင်လည်း ပြောကြပါ။ အလုပ်ထဲလည်း အားတာနဲ့ဗုတ်ပေးခဲ့ကြတာပါ။ ဘာပဲ ဖြစ်ဖြစ် လေဒီဂါးဂါး ပရိသတ်တွေ တအံ့တသြ ဖြစ်ရတဲ့အထိ နိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။

    အောင်ဆန်းစုကြည်ဆိုတာ ဘယ်သူလဲဆိုပြီး မေးလာကြတယ်။ ဘယ်နိုင်ငံကလဲ။ ဘာလို့ ဒီနေရာရောက်လာတာလဲ မေးတဲ့သူက မေးတယ်။ ကိုယ့်နိုင်ငံက အမေစုအကြောင်းကို တခြားနိုင်ငံသားတွေက ရှင်းပြကြတာတွေလည်း မြင်ရတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာကို ကမ္ဘာက သိအောင်လုပ်ခဲ့တဲ့ အဖြစ်အပျက်တခုအဖြစ် မှတ်တမ်းရှိသွားမှာ ဖြစ်ပါတယ်။

    လေဒီဂါးဂါး ဖန်ပေ့ခ်ျကို အောက်က လင့်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

    http://gagadaily.com/index.php?showtopic=45277&page=77

  1. Anonymous said... :

    မယုံမရှိကြပါနဲ့ ။ဆယ်စုနှစ်၇ဲ့ အဆိုးရွားဆုံးလူလဲမြန်မာပြည်မှာပဲရှိတာပါ။မယုံ၇င်TIMEကိုလုပ်ခိုင်းလိုက်ပါ။ေ၇ွှမြန်မာတွေ ကင်ဂျုံအွန်း ထက်မဲပို၇အောင်voteလုပ်ပေးကြမှာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved