HRW အစီရင်ခံစာ ၈၈ တို့ ပြတ်သားစွာ ဝေဖန်ထောက်ပြ

Monday, April 29, 2013

ရန်ကုန်မြို့၌ ရောက်ရှိနေသော HUMAN RIGHTS WATCH အဖွဲ့၏ Deputy Director Asia မှ Phil Robertson နှင့် Matthew Smith တို့နှစ်ဦးတို့ဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုကိုကြီး၊ ပြုံးချို( ၈၈မျိုးဆက် လူ့အခွင့်အရေးဌာန တာဝန်ခံ) တို့နဲ့ ယမန်နေ့နံနက်ပိုင်းက တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ 

 HRW ကိုယ်စားလှယ်များနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တချို့ ၊ ဓာတ်ပုံ- ၈၈ မျိုးဆက်

အဓိကအားဖြင့်တော့ မကြာခင်ကထွက်ရှိခဲ့တဲ့ HRW ရဲ့ အစီရင်ခံစာ All You Can Do is Pray နဲ့ ပတ်သက်တာ၊ ရခိုင်အခြေအနေ၊ ကျန်ရှိ နိုင်ငံရေး အကျဉ်းသား စတာတွေကို ပြောဆိုဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

အဓိကအားဖြင့် ၈၈ မျိုးဆက်တွေက HRW ရဲ့ အစီရင်ခံစာကို ထောက်ပြဝေဖန်မှုတွေ လုပ်ခဲ့ပြီး ရခိုင် 
ပြည်နယ်က ဒုက္ခသည်တွေရဲ့ လူအခွင့်အရေးကိစ္စ၊ နိုင်ငံသားကိစ္စရပ်များနဲ့ပတ်သက်ပြီး တရား ဥပဒေ စိုးမိုးမှု၊ နယ်မြေလုံခြုံမှုတို့သည် အလေးအနက် ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်းထောက်ပြ 
ပြောဆိုခဲ့ပါတယ်။ 

ဒီအပြင် အဆိုပါအစီရင်ခံစာ၌ ညွှန်းဆိုဖော်ပြမှုတွေဟာ ဒေသခံရခိုင်တိုင်းရင်းသားတွေရဲ့ နစ်နာ ဆုံးရှုံးမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပေါ် ထင်ဟပ်ဖော်ပြထားခြင်း မရှိသည်ကိုတွေ့ရှိရကြောင်း၊ လူ အခွင့်အရေး ချိုးဖောက်မှုများသည် မြန်မာနိုင်၌ ကာလကြာမြင့်စွာကပင် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးဖြစ်ကြောင်း၊ ၈၈ မျိုးဆက်များသည်လည်း အဆိုပါလူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ဆန့်ကျင်ဖော်ထုတ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးအစီရင်ခံစာသည် တဖက်သပ် ဆန်ဆန်ဖော်ပြခြင်မျိုးဖြင့် ပြဿနာ ရပ်များကို ဖြေရှင်းရာတွင်အထောက်အကူပြုလိမ့်မည် မဟုတ်ကြောင်း ရှင်းလင်းပြတ်သားစွာ ဆွေးနွေးခဲ့ကြ တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတွေက ဆိုပါတယ်။ 



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved