NLD ပါတီက စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ ဖွဲ့လိုက်ပြီ

Monday, April 29, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ အခု ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းလိုက်တယ် လို့ ယနေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ပါတီရဲ့ ကြေညာချက်အရ သိရပါတယ်။ 


ပါတီစည်းကမ်း ထိမ်းသိန်းရေး အဖွဲ့ ဥက္ကဌ အဖြစ် ဦးဥာဏ်ဝင်းအဖြစ်တာဝန်ယူရပြီး  ဒေါက်တာ မျိုးအောင်၊ 
ဒေါ်လဲ့လဲ့၊ ဦးသိန်းဦး၊ ဦးကျော်ဟိုး တို့က အဖွဲ့ဝင်အဖြစ် ပါတီရဲ့ ဧပြီလ ၈ ရက်နေ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကနေ တာဝန်ပေးလိုက်တာဖြစ်ပါတယ်။ 

ပါတီတွင်း စည်းကမ်းထိန်းသိမ်းရေးအတွက် ယခုလိုဖွဲ့စည်းလိုက်ခြင်းကြောင့် ပါတီဝင်တချို့၏ မလျော်မကန် လုပ်ဆောင်ချက်တွေကို ပါတီစည်းကမ်းဖြင့် အရေုးယူခြင်းတွေ လုပ်ဆောင်လာနိုင်မှာဖြစ်တယ် လို့ သိရပါတယ်။ 

"ပါတီမှာ ဒီလိုမျိုး ဖွဲ့စည်းသင့်တာ ကြာပြီ။ တချို့ ပါတီသိက္ခာထိခိုက်အောင် လုပ်နေတဲ့ ပါတီဝင် တချို့ ကြောင့် ပါတီသိက္ခာကျတဲ့ အဖြစ်တွေ ရှိခဲ့တယ်" လို့ ပါတီဝင် တဦးက ဆိုပါတယ်။ 


 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved