မအူပင်ထောင်ရှေ့ကို ရောက်နေတဲ့ ကိုခင်မောင်ဌေးက ဦးနေမျိုးဇင်အတွက် စားသောက်စရာနဲ့ အသုံး အဆောင်တွေ ၀ယ်ပို့ပေးဖို့ စီးစဉ်နေဆဲဖြစ်ပြီး အကိုဖြစ်သူရဲ့ အမှာစကားကိုလည်း ဧရာဝတီ ကို ပြော ပါသေး တယ်။
" သူ့အပေါ်မှာ ပြစ်ဒဏ်ချမှတ်တဲ့အပေါ်မှာ မူတည်ပြီးတော့ မြန်မာပြည်ရဲ့ တရားရေး မဏ္ဍိုင်ဟာ တည့်မတ် မှု မရှိသေးဘူးဆိုတာ ပိုပြီးတော့ ထင်ထင်ရှားရှားဖြစ်လာတယ်ပေါ့၊ ဒီအတွက်ကို ကျနော်တို့ ပြည်သူတွေ အာလုံး ၀ိုင်းဝန်းပြီး ပြန်တည့်မတ်ဖို့အတွက်ကို အားလုံး တောင်းဆိုဖို့ ကျနော့်အကိုက အကြံပြုပါတယ်" လို့ ကိုခင်မောင်ဌေးက ဆိုပါတယ်။
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် အောက်ကဇင်းကျေးရွာမှာ လယ်သမားတွေနဲ့ တွေ့ဆုံပွဲ တခုမှာ မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်က ဦးနေမျိုးဇင် က လွန်ခဲ့တဲ့ ဇန်န၀ါရီလတုန်းက ရဲတွေ လာဘ်စား တယ်လို့ ပြောဆိုခဲ့တဲ့အတွက် ပန်းတနော်မြို့နယ် ရဲမှူးက အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို ခဲ့တာမှာ ယနေ့ ပန်းတနော် မြို့နယ် တရားရုံးက အမိန့်ချလိုက်တာပါ။
နေမျိုးဇင်ကိုထောင်ထာမှာပဲထားလိုက်စေချင်ပါတယ်။တည်ငြိမ်နေတဲ့နိုင်ငံရေးဟာသူ့ကြောင့်လှုပ်ယမ်း နေပါတယ်။ သူလဲအရင်တုန်းကစစ်အစိုးရရဲ့ဘက်တော်သားဖြစ်ခဲ့တာပဲ။ အခုမှပြည်သူ့ခေါင်းဆောင် အယောင်ဆောင်နေတာကြည့်ရဆိုးလွန်းလှပါတယ်။ ပြီးတော့စစ်ဗိုလ်ဟောင်းပီပီ ရဲတွေအပေါ်မှာ ဆက်ဆံတာတွေဟာမိုက်ရိုင်းလွန်းပါတယ်။ စစ်ဗိုလ်စိတ်ဓာတ်မပျောက်သေးတဲ့စစ်ဗိုလ်တစ်ယောက် မို့လို့ ထောင်ထဲမှာ မှတ်လောက်သားလောက်ဖြစ်အောင်ထားပေးစေချင်ပါတယ်။