မြန်မာ့ပြုပြင်ပြောင်းလဲရေး စိန်ခေါ်မှုများအကြောင်း ဖိုရမ်

Thursday, May 30, 2013

မြန်မာ့ပြုပြင်ပြောင်းလဲမှုရဲ့ စိန်ခေါ်မှုများ ( Myanmar's Reform Challenges ) ဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်မှာ ISIS ရဲ့ ဖိုရမ်တခု ဒီကနေ့ ကျင်းပဖို့ ရှိပါတယ်။ 



ချုလာလောင်ကွန် တက္ကသိုလ်ရဲ့ Prajadhipok-Rambhaibarni ၄ ထပ်မှာ ရှိတဲ့ Chumbhot-Pantip Conference Room မှာ ဒီမနက် ဒေသစံတော်ချိန် ၈ နာရီခွဲက စတင်ပြီး ပြောင်းလဲမှုတွေ လုပ်လာ တဲ့ မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေး ဟောပြောကြမယ့် သူတွေကတော့..


..ဧရာဝတီ မဂ္ဂဇင်း တည်ထောင်သူ၊ အယ်ဒီတာ ကိုအောင်ဇော်၊  

..Financial Times ရဲ့ ဘန်ကောက်ဗျူရိုက  မစ္စတာ Gwen Robinson၊ 

..ချင်းမိုင် တက္ကသိုလ် လူမှုသိပ္ပံဌာနရဲ့  Regional Center for Social Science and Sustainable Development က ညွှန်ကြားရေးမှူး  ဒေါက်တာ Chayan Vaddhanaphuti

..မြန်မာအီးဂရက် ကိုယ်စားလှယ်  Myanmar Development Resource Institute (MDRI) ရဲ့ သုတေသနလုပ်နေသူ ဦးတင်မောင်သန်း တို့က ဖြစ်ပါတယ်။

မော်ဒရိတ်တာအဖြစ် ချူလာလောင်ကွန် တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာန ၊ ISIS Thailand ညွှန်ကြားရေးမှူး ပါမောက္ခ ဒေါက်တာ Thitinan Pongsudhirak က လုပ်ဆောင်မှာဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်လာတဲ့ မြန်မာမှာ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာ ဆွေးနွေးကြမယ့် အတွက် စိတ်ဝင်စားသူများ သွားရောက် နိုင်ပါတယ်။

ISIS က မြန်မာ့အရေးအပါအ၀င် ထိုင်းနိုင်ငံ၊ ဒေသတွင်း နိုင်ငံတွေရဲ့ အရေးတွေကို အမြဲ ဆွေးနွေးလေ့ ရှိကြပါတယ်။


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved